နိုင်ငံရေး

နေပြည်တော်မှာ အတိုင်ပင်ခံကောင်စီရုံးဖွင့်

မေလ ၂၀ – ၂၀၂၆

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံး ဖွင့်ပွဲ ကို ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အရင်ဒုချုပ်ဖြစ်ခဲ့တဲ့ ဦးစိုးဝင်း က ဒီ အတိုင်ပင်ခံကောင်စီမှာ ဥက္ကဌ အဖြစ် တာဝန်ယူထားပြီး အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေး၊ ကောင်စီဝင်တွေ အဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင် နဲ့ ဦးဇော်အေးမောင် တို့ ပါဝင်ပါတယ်။

အတိုင်ပင်ခံကောင်စီကို လုံခြုံရေး တရားဥပဒေစိုးမိုးရေး ငြိမ်းချမ်းရေး ဥပဒေပြဋ္ဌာန်းရေး ကိစ္စရပ်တွေကို အကြံဖို့နဲ့ ညှိနှိင်းဆောင်ရွက်ဖို့ တို့ အတွက် ဥပဒေပြဌာန်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *