THN Public Media Blog သတင်း ပြည်တွင်း နှစ်နိုင်ငံ ပူးပေါင်းစီမံကိန်းတွေ ဆက်အကောင်အထည်ဖေါ်ဖို့ တရုတ် မြန်မာဆွေးနွေး၊ နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရေးလည်း ပါဝင်
ပြည်တွင်း

နှစ်နိုင်ငံ ပူးပေါင်းစီမံကိန်းတွေ ဆက်အကောင်အထည်ဖေါ်ဖို့ တရုတ် မြန်မာဆွေးနွေး၊ နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရေးလည်း ပါဝင်

ဇန်နဝါရီ ၆ – ၂၀၂၅

စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နဲ့ တရုတ်သံအမတ်ကြီး မစ္စ မာကျား တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး ရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတွေ ဆက်လက် အကောင် အထည် ဖော်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာမှာ နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံ ရပ်တည်သွားရေး တို့ကို လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသ အွန်လိုင်းလောင်းကစားနဲ့ တရားမဝင် လုပ်ငန်းတွေ ပူးပေါင်း တိုက်ဖျက်ရေး အတွက်လည်း ပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version