မေလ ၁၄ – ၂၀၂၆
ဆွေးနွေးပွဲ အဖွင့်အမှာ တရုတ်သမ္မတ ရှီကျင်ပင်း က “ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုကို တကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။ လက်ရှိမှာ တစ်ရာစု အတွင်း မကြုံစဖူးတဲ့ အပြောင်းအလဲ တွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အရှိန်အဟုန်မြင့် ဖြစ်ပေါ်နေပြီး နိုင်ငံတကာ အခြေအနေ တွေဟာလည်း မရေရာဘဲ လှိုင်းလေထန်နေပါတယ်” လို့ မှတ်ချက်ပြုခဲ့ ပါတယ်။
“ကမ္ဘာကြီးဟာ လမ်းဆုံလမ်းခွ အသစ်ကို ရောက်ရှိနေပါပြီ။ တရုတ်နဲ့ အမေရိကန် တို့ဟာ မဟာအင်အားကြီး နိုင်ငံတွေကြား ဖြစ်လေ့ရှိတဲ့ ပဋိပက္ခ ထောင်ချောက် Thucydides trap ကို ကျော်လွှားပြီး ဆက်ဆံရေး ပုံစံသစ် တခုကို ဖန်တီးနိုင်မလား… ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ပြီး ကမ္ဘာကြီး အတွက် ပိုမိုတည်ငြိမ်မှုကို ပေးစွမ်းနိုင် မလား… ကျွန်တော်တို့ ကမ္ဘာကြီးအတွက်၊ ကျွန်တော်တို့ ပြည်သူ နှစ်ရပ်လုံး အတွက်နဲ့ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက်၊ နှစ်နိုင်ငံ ဆက်ဆံ ရေးမှာ ပိုမိုတောက်ပတဲ့ အနာဂတ်တခုကို တည်ဆောက်နိုင်ကြ မလား…”
“ဒါတွေဟာ သမိုင်းအတွက်၊ ကမ္ဘာကြီး အတွက်နဲ့ ပြည်သူတွေ အတွက် အလွန်အရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်သလို၊ နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေ အဖြစ် ခင်ဗျားနဲ့ ကျွန်တော် ဖြေကြားပေးဖို့ လိုအပ်တဲ့ ကျွန်တော်တို့ ခေတ်သမိုင်းရဲ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
—————————
THN Public Media
