ဖေဖေါ်ဝါရီ ၂၄ – ၂၀၂၆
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းက ယိုးငူကျေးရွာ စျေးတန်းကို ဒီကနေ့ နေလယ် ၂ နာရီကျော် အချိန်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး တခြား ၁၇ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန် ထား ပါတယ်။
ဒါ့အပြင် လူနေအိမ်တချို့ နဲ့ ဈေးဆိုင်ခန်း တချို့လည်း မီးလောင် ပျက်စီး သွားတယ်လို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
