THN Public Media Blog သတင်း War ပုလဲနယ်တဝိုက် စစ်တပ်က စစ်ကြောင်းထိုး၊ ဝင်ရောက်သွားတဲ့ ရွာတွေကို စည်းရုံးနေ
War

ပုလဲနယ်တဝိုက် စစ်တပ်က စစ်ကြောင်းထိုး၊ ဝင်ရောက်သွားတဲ့ ရွာတွေကို စည်းရုံးနေ

ဖေဖေါ်ဝါရီ ၂၃ – ၂၀၂၆

စစ်ကိုင်းတိုင်း ပုလဲနယ် တဝိုက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ဝင်ရောက် သွားတဲ့ ရွာတွေကို အရင်လို အကြမ်းဖက်တာတွေ မလုပ် တော့ဘဲ စည်းရုံးမှုတွေ လုပ်နေ တယ်လို့ သိရပါတယ်။

မနေ့က ကျွန်းဘိုကုန်းရွာ အလှူမှာ ရှင်လောင်းလှည့်ချိန် စစ်တပ်ရောက်လာ လို့ ရွာသားတွေ ထွက်ပြေးကြရာ စစ်တပ်က မပြေးဖို့ ပြောပြီး ရှင်လောင်း လှည့်ခိုင်းတယ်လို့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ကြောင်သန်းရွာမှာလည်း ကုလားပဲရိတ် နေတဲ့သူတွေကို မပြေးကြဖို့ ဆက်ရိတ်ကြဖို့ စစ်တပ်က ပြောပြီး ရွာက ကလေးတွေနဲ့ ဘောလုံး ကန်နေတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

အရင်ကလို ဖမ်းတာ၊ သတ်တာ၊ မီးရှို့တာတွေ လောလော ဆယ်မတွေ့ရဘဲ

စည်းရုံးရေး လုပ်ရင်း နယ်မြေရဖို့ တဖြေးဖြေးချဲ့လာနေတဲ့ သဘော တွေ့မြင် နေရပါတယ်။

တချို့ရွာတွေကတော့ စစ်တပ်လာရင် အရင်ကလို မီးရှို့သတ်ဖြတ် တာတွေ လုပ်မှာ စိုးတဲ့အတွက် ထွက်ပြေးကြပါတယ်။

မနေ့ ညကပဲ ဆင်ရှင်ရွာမှာ ညအိပ်ခဲ့တဲ့ အင်အား ၁၅၀ လောက်ပါတဲ့ စစ်တပ် စစ်ကြောင်း ဟာ အခု ဒီကနေ့မနက် အိုးဘိုရွာထဲ ရောက်နေပြီလို့ သိရပါတယ်။

ပုလဲတောင်ခြမ်း အင်ကြင်းစုရွာ ညအိပ်ခဲ့တဲ့ စစ်ကြောင်းဟာလည်း ကိုင်းတွင်း ရွာထဲ ရောက်နေပြီ ဖြစ်ပြီး မြောက်ဘက်ကို ကွေ့လာတာမို့ ချင်ပြစ်ရွာ ရဲစခန်းကို ပြန်ထိုင်ဖို့ ကြိုးစားတာလို့ ခန့်မှန်းရပါတယ်။

ချင်ပြစ်ရွာ ရဲစခန်းကို စစ်ကောင်စီဟာ ၂၀၂၁ ကတည်းက လက်လွှတ် ထားရတာ ဖြစ်ပါတယ်။

ပုလဲ တောင်ဘက်ခြမ်းမှာလည်း စစ်တပ် စစ်ကြောင်း တကြောင်း ဟာ မနေ့ညက အင်ကြင်းစုရွာမှာ အိပ်ပြီး ဒီကနေ့မနက် ဆက်ထွက်သွား ပါတယ်။

BNRA အဖွဲ့က ဗိုလ်နဂါး ကို NUG MOD က ဝင်တိုက်ခဲ့တာကြောင့် ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ဗိုလ်နဂါးဟာ စစ်တပ်ထံ လက်နက်ချ ဝင်ရောက် သွားပြီး နောက်နေ့မှာ ပုလဲ မြို့ကို ရဟတ်ယာဥ် ၂စီး နဲ့ ၆ ခေါက်စီ တပ်အင်အား ထပ်ဖြည့် ထားတယ် လို့ သိရပါတယ်။

ဒါ့အပြင် ချင်တွင်းမြစ်ကိုကူးပြီး သံပြားကာ ကား ၄-စီး စစ်ကား တစီး၊ ရဲကား ၂-စီး နဲ့ ကားအလွတ်တစီး ဟာ အနောက်ဘက်ကမ်း ယင်းမာပင် နယ်ဘက်ကို ကူးလာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version