THN Public Media Blog သတင်း ပြည်တွင်း ပဲခူးတိုင်းမှာ စစ်တပ်ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေး နယ်မြေ ထုတ်ပြန်
ပြည်တွင်း

ပဲခူးတိုင်းမှာ စစ်တပ်ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေး နယ်မြေ ထုတ်ပြန်

မတ်လ ၁၀ – ၂၀၂၆

ပဲခူးတိုင်းမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ် နိုင်ခဲ့ကြောင်း NUG MOD အမှတ် (၂) စစ်ဆင်ရေး နယ်မြေ က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

“ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” အဖြစ် MOD ပဲခူးတိုင်းစစ်ဌာန နဲ့ KNLA ပူး‌ပေါင်းတပ်ဖွဲ့တွေက ဆောင်ရွက်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။

ဒီ စစ်ဆင်ရေးမှာ ပူးပေါင်း တပ်ဖွဲ့က ၁၁ ဦး ကျပြီး ၇ ဦး ဒဏ်ရာ ရရှိကာ စစ်တပ် ဘက်က ၁၀ ယောက်ကျော်ကျပြီး အယောက် ၂၀ ထက်မနည်း ပြင်းထန် ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအချိန်မှာတော့ ပြည်သူ ၃၀၀ ကျော်ကို ဘေးရန်ကင်းစွာနဲ့ လွတ်မြောက်ရာ ဒေသကို ကူညီပို့ဆောင် ပေးခဲ့ပြီလို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version