War နိုင်ငံရေး

ပဲခူး က စစ်တပ်စခန်း တခုနဲ့ မွန်ပြည်နယ်က တပ်စခန်းတခုကို သိမ်းပိုက်ခဲ့ကြောင်း အထူးတိုင်းစစ်ဒေသ က သတင်းထုတ်ပြန်

ဧပြီ ၁၂ – ၂၀၂၆

ပဲခူးတိုင်း ရွှေကျင်မြို့နယ်က လက်ယက်စခန်း နဲ့ မွန်ပြည်နယ် ဘီလင်းမြို့နယ်က လေးကေစခန်း တို့ကို သိမ်းပိုက်ခဲ့ကြောင်း အထူးတိုင်းစစ်ဒေသ က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း) ကို ဧပြီ ၄ ရက်နေ့ က စတင်တိုက်ခိုက်ခဲ့ကာ ဧပြီ ၇ ရက်နေ့ မနက်မှာ အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

အထူးတိုင်းစစ်ဌာန အောက် တပ်ဖွဲ့တွေ ပကဖ တွေနဲ့ KNLA တို့ ပူပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ် ဘီလင်းက လေးကေစခန်း ကိုတော့ KNLA နဲ့ ABSDF အပါအဝင် ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး စစ်တပ်ရဲ့ ဒုတပ်ရင်းမှူး နဲ့ နောက်တဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

လေးကေစခန်း တိုက်ပွဲမှာလည်း လက်နက်ကြီးတွေ အပါအဝင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်း ရမိခဲ့ပါတယ်။

တိုက်ပွဲ ၂ ခု စလံးမှာ စစ်တပ်ကဘက်က ကျတာတွေ ရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေနဲ့ ထွက်ပြေးသူတွေလည်း ရှိခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေဘက်က အကျအဆုံး ရှိမရှိ ကိုတော့ ထုတ်ပြန်ခြင်း မရှိပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *