War နိုင်ငံတကာ

ဟော်မုဇ်ရေလက်ကြား သင်္ဘောအဝင်အထွက် အကုန်လုံး ပိတ်ဆို့တားဆီးမယ်လို့ ထရမ့်ပြောပြီ

ဧပြီ ၁၂ – ၂၀၂၆

ဟော်မုဇ်ရေလက်ကြား ထဲကို ဝင်မယ့် ဒါမှမဟုတ် ထွက်မယ့် ဘယ်သင်္ဘောကိုမဆို အမေရိကန် ရေတပ်က စတင်ပြီး ပိတ်ဆို့ တားဆီးသွားမယ်လို့ သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်က ရှည်လျားတဲ့ ပို့စ်အသစ်တခုမှာတော့ ဆွေးနွေးပွဲဟာ အဆင်ပြေပြေ ပြီးဆုံးခဲ့ပြီး အချက်အလက် အတော်များများကို သဘောတူညီမှု ရခဲ့ကြပေမဲ့ တကယ်တမ်း အရေးကြီးတဲ့ နျူကလီးယား ကိစ္စမှာတော့ သဘောတူညီမှု မရခဲ့ဘူးလို့ ရေးသား ထားပါတယ်။

လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို တချိန်ချိန်မှာတော့ ရရှိမှာ ဖြစ်ပေမဲ့ အီရန် ဘက်က ဒါကို ခွင့်မပြုခဲ့ပါဘူး၊ သူတို့က လွဲလို့ ဘယ်သူမှ မသိနိုင်တဲ့ “ရေမြုပ်မိုင်း တွေ တနေရာရာမှာ ရှိနေနိုင်တယ်” ဆိုတဲ့ စကားမျိုးသာ ပြောတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အီရန်ကို အခွန်ပေးဆောင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲက သင်္ဘောမှန် သမျှကို ရှာဖွေတား ဆီးဖို့ သူ့ရဲ့ရေတပ်ကို ညွှန်ကြားထားပြီး အီရန်ဘက်က ရေလက်ကြားထဲမှာ ချထားတဲ့ ရေမိုင်းတွေကိုလည်း အမေရိကန် ရေတပ်က စတင်ဖျက်ဆီးသွားမယ်လို့ အဲဒီပို့စ်မှာပဲ ဖော်ပြထားပါတယ်။

တရားမဝင် အခွန်ပေးဆောင် ထားတဲ့ ဘယ်သူ့ကိုမှ ပင်လယ်ပြင်မှာ ဘေးကင်းလုံခြုံစွာ ဖြတ်သန်း ခွင့် ပေးမှာ မဟုတ်ဘူးလို့ သူက ပြောကြားခဲ့ပြီး ကျွန်တော်တို့ကို ဖြစ်စေ၊ အေးချမ်းစွာ သွားလာ နေတဲ့ သင်္ဘောတွေကို ဖြစ်စေ ပစ်ခတ်တဲ့ အီရန် နိုင်ငံသား မှန်သမျှကိုလည်း အပြတ်အသတ် ချေမှုန်း သွားမယ်လို့ ဆိုပါတယ်။

ဒီရေလမ်းကြောင်း ပိတ်ဆို့မှုကိုတော့ မကြာခင်မှာပဲ စတင်သွားတော့မယ်လို့လည်း သူက အသိပေး ပြောကြားထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *