နိုင်ငံရေး

ရိုဟင်ဂျာ အထိမ်းအမှတ်ကျောက်တိုင် နယူးကာဆယ်မှာ စိုက်ထူ

ဧပြီ ၁၃ – ၂၀၂၆ (သင်္ကြန်အကြို)

အင်္ဂလန်က နယူးကာဆယ်မြို့မှာ သမိုင်းဝင် ရိုဟင်ဂျာအထိမ်းအမှတ် ကျောက်တိုင်ကို မနေ့ ဧပြီ ၁၂ ရက်နေ့က တရားဝင် စိုက်ထူ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ရိုဟင်ဂျာ ဂျီနိုဆိုက် မှာ သေဆုံးခဲ့ရသူ တွေအတွက် ဂုဏ်ပြုပြီး အခုလို ကျောက်တိုက်စိုက်ထူ လိုက်တာဖြစ်ကာ နယူးကာဆယ်မြို့ ကောင်စီ ရဲ့ ကောင်စီဝင် Cllr Habib Rahman က အခုလို ကျောက်တိုင် ဖြစ်လာဖို့ကို ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်မြို့ ကောင်စီ Peace Garden မှာ ကျောက်တိုက်ကို စိုက်ထူခဲ့တာ ဖြစ်ပြီး အခမ်းအနားကို နယူးကာဆယ် မြို့တော်ဝန်နဲ့ ဆန်းဒါးလန်း မြို့တော်ဝန် တို့က တက်ရောက် ဖွင့်လှစ်ပေးခဲ့တာပါ။

ဒီ အခမ်းအနားကို နယူးကာဆယ် မြို့တော်ကောင်စီ က တာဝန်ရှိသူတွေ၊ ရိုဟင်ဂျာ အဖွဲ့အစည်း တွေက ဦးဆောင်သူတွေ၊ ဘင်္ဂလားဒေ့ရှ် ယာယီသံအမတ်၊ ဒေါက်တာဇာနည် နဲ့ ဒေါက်တာ Natalie Brinham တို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဒါဟာ ရိုဟင်ဂျာ ပြည်သူတွေ အချိန်အတော်ကြာ ငြင်းပယ်ခံထားရတဲ့ အသိအမှတ်ပြုခံရမှုနဲ့ တရားမျှတမှု ရရှိဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ရိုဟင်ဂျာ အသိုင်းအဝန်းက ပြောပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *