THN Public Media Blog Sport ပျော်ရွှင်ဖွယ် ဝမ်းနည်းဖွယ် အပြည့်နဲ့ ပရီးမီးယားလိဂ် ရာသီပိတ် တနင်္ဂနွေ
Sport

ပျော်ရွှင်ဖွယ် ဝမ်းနည်းဖွယ် အပြည့်နဲ့ ပရီးမီးယားလိဂ် ရာသီပိတ် တနင်္ဂနွေ

LONDON, ENGLAND - MAY 24: Martin Odegaard of Arsenal lifts the Premier League trophy as players of Arsenal celebrate, as they are crowned the Champions of the Premier League for the 2025/26 Season, after the Premier League match between Crystal Palace and Arsenal at Selhurst Park on May 24, 2026 in London, England. (Photo by Michael Regan/Getty Images For Premier League

မေလ ၂၅ – ၂၀၂၆

မနေ့ မေလ ၂၄ ရက်နေ့မှာ ၂၀၂၅-၂၀၂၆ ရာသီ အင်္ဂလန် ပရီးမီးယားလိဂ်နောက်ဆုံး ပွဲစဥ်တွေကို ကစားခဲ့ပြီး ချန်ပီယံ အာဆင်နယ်က ဆုဖလားကြီးကို ပျော်ရွှင် ဝမ်းမြောက်စွာနဲ့ ကိုင်မြှောက်ခဲ့ကြပေမယ့် မန်ချက်စတာ စီးတီး ကွင်းထဲမှာတော့ နည်းပြ ပက် ဂွါဒီယိုလာ အတွက် နှုတ်ဆက်ပွဲကို မျက်ရည်ကျသူတွေနဲ့ ဝမ်းနည်းဖွယ် ကွင်းလုံးပြည့် ကျင်းပခဲ့ ပါတယ်။

ချန်ပီယံဖြစ်ခဲ့ပြီ ဖြစ်တဲ့ အာဆင်နယ်ဟာ နောက်ဆုံးပိတ် လက်ကျန် ပွဲကို ခရစ်စတယ် ပဲလေ့စ် ကွင်းမှာ အဝေးကွင်းယှဥ်ပြိုင်ခဲ့ပြီး ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရကာ စုစုပေါင်း ရမှတ် ၈၅ မှတ်နဲ့ ဇယားထိပ်ကို ချန်ပီယံအဖြစ် ရောက်ရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ ဆုချီးမြှင့်ပွဲကို ခရစ်စတယ် ပဲလေ့စ် ကွင်းမှာပဲ ပွဲကစားပြီးနောက် ကျင်းပခဲ့ရာ အာဆင်နယ်က ဆုဖလားကြိးကို ၂၂ နှစ်အကြာ ပထမဆုံး ပြန်လည်ကိုင်မြှောက် နိုင်ခဲ့ကြပါတယ်။

မန်စီတီး အတွက် ၁၀ နှစ်ကြာ နည်းပြ လုပ်ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ဖလား တကြိမ် အပါအဝင် စုစုပေါင်း ဖလား ၁၇ ခု အဖြစ် အများဆုံး ယူပေးနိုင်ခဲ့တဲ့ ပက်ဂွါဒီယိုလာ ကတော့ ၁၀ နှစ်အပြီး နည်းပြ အဖြစ်ကနေ မန်စီးတီးကို ဝမ်းနည်းဖွယ် နှုတ်ဆက်ခဲ့ပါတယ်။

ပရိသတ် ကွင်းလုံပြည့် တက်ရောက်တဲ့ နှုတ်ဆက်ပွဲ အခမ်းအနားမှာ ပက်ဂွါဒီယို လာနဲ့ အတူ အသင်းဖေါ်တွေ မျက်ရည်ကခဲ့သလို ပရိသတ် အများအပြား ဟာလည်း မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်။

အသက် ၉၅ နှစ်အရွယ် ပက်ဂွါဒီယိုလာ ရဲ့ ဖခင်ဖြစ်သူကလည်း ကျန်းမာစွာနဲ့ ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အတွက် ပက်ဂွါဒီယိုလာ အတွက် မမေ့နိုင်စရာ ဖြစ်ခဲ့ပါတယ်။

မန်စီးတီး အသင်းနဲ့ ပရိသတ်တွေကလည်း ပက်ဂွါဒီယိုလာ ပွဲကြည့်စဥ် တခု နာမည်ပေးထားရှိမှာ ဖြစ်ပြီး မန်စီးတီး ရဲ့ Etihad ကစားကွင်းကြီး အပြင်ဘက်မှာ သူ့ရုပ်တုကို ဂုဏ်ပြုစိုက်ထူပေးသွားမှာ ဖြစ်ပါတယ်။

နည်းပြအဖြစ်က ထွက်လိုက်ပြီ ဖြစ်ပေမယ့် သူဟာ မန်စီးတီ အသင်း သံတမန် အနေနဲ့ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ပက်ဂွါဒီယို ရဲ့ ကစားကွက် ဗျူဟာတွေကို မီနိုင်ဖို့ အတွက် တခြား အသင်းတွေကပါ ဗျူဟာ လိုက်ပြောင်း ကစားရတဲ့ အထိ သူဟာ ပရီးမီးယားလိဂ် အသင်းတွေရဲ့ ကစားပုံဗျူဟာ ကိုပါ အပြောင်းအလဲ လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။

အခု ၁၀ နှစ်ပြည့်မှာ သူနည်းပြဆက်မလုပ် နိုင်တာကတော့ အင်အားတွေ ကုန်လာလို့ ဖြစ်တယ်လို့ သူကပြောပါတယ်။

နောက်တချက်ကတော့ သူ့ကို အကောင်းဆုံး ဖြစ်အောင် တွန်းအား ပေးနိုင်ခဲ့တဲ့ ပြိုင်ဘက် ကောင်းကြီး ဖြစ်တဲ့ လီဗာပူး နည်းပြ ဂျာဂန်ကလော့ လည်း ထွက်သွားတာ ဖြစ်လို့ အရင်လို ပြိုင်ဆိုင်မှု အရှိန်အဟုန် မရှိတော့တဲ့ အတွက်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version