THN Public Media Blog သတင်း ပြည်တွင်း ပြင်ဦးလွင် ၈ ထပ်ရေတံခွန်က ပြုတ်ကျလို့ ၂ ဦးသေဆုံး
ပြည်တွင်း သတင်း

ပြင်ဦးလွင် ၈ ထပ်ရေတံခွန်က ပြုတ်ကျလို့ ၂ ဦးသေဆုံး

စက်တင်ဘာ ၂၉ – ၂၀၂၅

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေ အရှေ့ ကျေးရွာက (၈)ထပ် ရေတံခွန်တောင်ကို ဒီကနေ့ ညနေ ၃ နာရီခွဲလောက်က လူ ၁၄ ဦး သွားရောက်ရေကစားရာ ၅ ဦးဟာ ၃ ထပ် ရေတံခွန်သို့ ပြုတ်ကျသွား ခဲ့တဲ့ အတွက် မီးသတ်တပ်ဖွဲ့က သွားရောက် ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

၅ ဦးထဲက အမျိုးသမီး ၂ ဦးကို သေဆုံးလျက် ရှာတွေ့ခဲ့သလို အသက်ရှင်လျက် ရုရှား နိုင်ငံသား အမျိုးတဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ကျန် ၂ ဦးကိုတော့ ရှာဖွေမှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version