ပြည်တွင်း

ပြည်ခိုင်ဖြိုး ပါတီက ကြိုတင်မဲမှာ မဲအပြတ်အသတ်နဲ့ ဦးဆောင်နေ

ဒီဇင်ဘာ ၂၇ – ၂၀၂၅

စစ်တပ်က ကျင်းပပတဲ့ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲတွေကို မနေ့က ရေတွက်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီက မဲအရေအတွက် အပြတ်အသတ်နဲ့ ဦးဆောင်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုး က ၂၃၇၇ မဲ ရရှိခဲ့ပြီး ဒုတိယက PPP ၁၇ မဲနဲ့ ပြည်သူ့ပါတီက ၄ မဲ ရရှိတာကိုတွေ့ရပါတယ်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆ မှာလည်း ပြည်ခိုင်ဖြိုးက ၂၃၃၆ မဲ ရရှိပြီး ပအိုဝ်းအမျိးသားအဖွဲ့ချုပ်ပါတီက ၃၃ မဲနဲ့ ဒုတိယ လိုက်ပါတယ်။ ကျားဖြူက ၁၃ မဲ၊ PPP က ၁၂ မဲ နဲ့ ပြည်သူ့ပါတီက ၄ မဲသာ ရရှိကြပါတယ်။

စစ်ကိုင်းတိုင်း က အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ မှာ ပြည်ခိုင်ဖြိုး က ၅၈၀ နဲ့ ပြည်သူပါတီက ၁၅ မဲ နဲ့ ဒုတိယဖြစ်ပါတယ်။

ပုစွန်တောင်မြို့နယ်မှာ မနေ့က ကြိုတင်မဲမှာ မဲပေးသူ ၁၅ ယောက်ရှိတဲ့ အထဲက ပြည်ခိုင်ဖြိုးက ၇ မဲ၊ ပြည်သူ့ပါတီက ၄ မဲ၊ တစည က ၂ မဲ၊ PPP က ၁ မဲ ရရှိတယ်လို့ သိရပါတယ်။

ရခိုင် ၃ မြို့နယ်

—————-

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာလည်း မဲဆန္ဒရှင် ၁ သောင်းလောက်သာ ရှိတဲ့ အနက် ပြည်ခိုင်ဖြိုးက ကြိုတင်မဲ ၂၅၀၀ ကျော် ရရှိထားတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရခိုင် ၂ ပါတီက တရာလောက်ပွဲ ရရှိပါတယ်။

စစ်တွေမှာတော့ ပြည်ခိုင်ဖြိုးက ကြိုတင်မဲပိုများများ ရထားပေမယ့် ၃၀၀ လောက်ပဲ ရှိပြီး မန်အောင်မှာတော့ ပြည်ခိုင်ဖြိုးက ကြိုတင်မဲ ၁၀၀ လောက်ပဲ ရထားပါတယ်။

စစ်တွေမှာ မဲ ၉ သောင်းကျော်နဲ့ မန်အောင်မှာ ၃ သောင်းခွဲရှိတာကြောင့် ရခိုင် ၂ ပါတီ အတွက် အလားအလာ ကောင်းတဲ့ အနေအထား ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *