ဧပြီ ၆ – ၂၀၂၆
စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု လွှတ်တော်မှာ သမ္မအဖြစ် တင်မြှောက်ခံထားရသူက ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေ နဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ စာရင်းကို တင်သွင်းခဲ့ ပါတယ်။
ပြည်ထောင်စုအဆင့်
တရားလွှတ်တော်ချုပ်အဖြစ် ဦးသာဌေး၊
ရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦး၊
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်း
စာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦး နဲ့
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် ဦးသန်းစိုး တို့ကို အမည်စာရင်း တင်သွင်းထားပါတယ်။
ဝန်ကြီးဌာနတွေကိုတော့ ၃၁ ခု စာရင်းတင်သွင်းထားပါတယ်။
၁။ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး
၂။ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန
၃။ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန
၄။ ပို့ဆောင်ရေးဝန်ကြီးဌာန
၅။ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၆။ ကာကွယ်ရေးဝန်ကြီးဌာန
၇။ ပြည်ထဲရေးဝန်ကြီးဌာန
၈။ နိုင်ငံခြားရေးဝန်ကြီးဌာန
၉။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၁၀။ နယ်စပ်ရေးရာဝန်ကြီးဌာန
၁၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
၁၂။ ဥပဒေရေးရာဝန်ကြီးဌာန
၁၃။ ပညာရေးဝန်ကြီးဌာန
၁၄။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၁၅။ ကျန်းမာရေးဝန်ကြီးဌာန
၁၆။ အမျိုးသမီးရေးရာဝန်ကြီးဌာန
၁၇။ ပြန်ကြားရေးဝန်ကြီးဌာန
၁၈။ သာသနာရေးဝန်ကြီးဌာန
၁၉။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၂၀။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
၂၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၂၂။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၂၃။ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
၂၄။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၅။ အလုပ်သမားဝန်ကြီးဌာန
၂၆။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၂၇။ အားကစားရေးရာဝန်ကြီးဌာန
၂၈။ လူငယ်ရေးရာဝန်ကြီးဌာန
၂၉။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၃၀။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၃၁။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တို့ ဖြစ်ကြပါတယ်။
ဒီဝန်ကြီးဌာန အရေအတွက်နဲ့ ဝန်ကြီးအရေးအတွက် နဲ့ ပတ်သက်လို့ ဆွေးနွေးလိုရင် မနက်ဖြန်မှာ ဆွေးနွေးမှာ ဖြစ်ပြီး ဒီကနေ့ မှာ အမည် စာရင်း ပေးပို့ရမှာ ဖြစ်ကြောင်း သိရပါတယ်။
—————————
THN Public Media
