THN Public Media Blog သတင်း နိုင်ငံရေး ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကာလုံက ဥပဒေ ထုတ်ပြန်
နိုင်ငံရေး

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကာလုံက ဥပဒေ ထုတ်ပြန်

ဇန်နဝါရီ ၃ – ၂၀၂၆

ပြည်ထောင်စုလွှတ်တော်ကနေ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ အတွက် ကာလုံကနေ ဒီကနေ့ ဥပဒေတရပ်ပြဌာန်းလိုက်ပါတယ်။

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေ လို့ ခေါ်ဆိုထားပြီး တပ်ချုပ်က ယာယီသမ္မတ အဖြစ် လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ လည်းဖြစ်ပါ တယ်။

ဒီဥပဒေအရ ပြည်ထောင်စုလွှတ်တော် ခေါ်ပြီး ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ကို ဥက္ကဌ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင် ဖွဲ့စည်းရမယ်လို့ ဖေါ်ပြထားပါတယ်။

နိုင်ငံတော်သမ္မတက ကောင်စီ ဥက္ကဌ နဲ့ အတွင်းရေးမှူးတို့ကို သတ်မှတ်ပေး ရမယ်လို့ ဆိုထားပြီး ကောင်စီရဲ့ သက်တမ်းဟာ သမ္မတ သက်တမ်း ဖြစ်တယ် လို့ ထုတ်ပြန်ထား ပါတယ်။

အခုလို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်တွေကတော့ ဒီမိုကရေစီခိုင်မာရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေး၊ စားနပ်ရိက္ခာ ပေါများရေး ဆိုတဲ့ အချက် ၄ ချက်ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ အနေနဲ့ လုံခြုံရေး နိုင်ငံတကာ ဆက်ဆံရေး ငြိမ်းချမ်းရေး ဥပဒေပြဌာန်းရေး တို့အတွက် အကြံပေး ညှိနှိုင်းဆောင်ရွက်ဖို့ အတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တပ်ချုပ်အနေနဲ့ သမ္မတ လုပ်မလား ဒီကောင်စီမှာ ထိုင်မလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version