THN Public Media Blog သတင်း နိုင်ငံရေး ပြည်သူ့ရှေ့ဆောင်ပါတီ PPP သတင်းစာရှင်းလင်းပွဲ လုပ်မယ်
နိုင်ငံရေး ပြည်တွင်း

ပြည်သူ့ရှေ့ဆောင်ပါတီ PPP သတင်းစာရှင်းလင်းပွဲ လုပ်မယ်

အောက်တိုဘာ ၂၇ – ၂၀၂၅

မကြာသေးခင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ဖျက်ခံလိုက်ရတဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကနေ လာမယ့် နိုဝင်ဘာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ DrThet Thet Khine ဖေ့စ်ဘွတ် ကနေ မနေ့က ထုတ်ပြန်ထားပါတယ်။

လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲအတွက် PPP ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ကို ဒီသတင်းစာရှင်းလင်းပွဲကနေ အစီရင်ခံတင်ပြသွားမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း ဒေါ်သက်သက်ခိုင် ကိုယ်စားလှယ်လောင်း လက်လွှတ်လိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ ဘာမှ ထုတ်ဖေါ်ခြင်း မရှိသေးပါ။

ဒီသတင်းစာ ရှင်းလင်းပွဲကို ဖေ့စ်ဘွတ် ကနေ တိုက်ရိုက် လွှင့်ထုတ်ပေးမယ်လို့ လည်း အသိပေးထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version