THN Public Media Blog သတင်း ပြည်တွင်း ပြိုင်ဘက်တွေကို စော်ကားပုတ်ခတ် မဲဆွယ်တာ ပြစ်မှုမြောက်ကြောင်း UEC ဥက္ကဌ သတိပေး ပြောကြား
ပြည်တွင်း

ပြိုင်ဘက်တွေကို စော်ကားပုတ်ခတ် မဲဆွယ်တာ ပြစ်မှုမြောက်ကြောင်း UEC ဥက္ကဌ သတိပေး ပြောကြား

ဇန်နဝါရီ ၆ – ၂၀၂၆

စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နဲ့ နိုင်ငံရေး ပါတီ တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ရာမှာ UEC ဥက္ကဋ္ဌ ဦးသန်းစိုးက ပြိုင်ဘက်ပါတီ၊ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေကို စော်ကားပုတ်ခတ် မဲဆွယ်တာဟာ ရာဇဝတ်ကြောင်းအရ ပြစ်မှု မြောက်တယ် လို့ ပြောကြားလိုက် ပါတယ်။

ဒီအတွက် မဲဆွယ်စည်းရုံးရေး ဥပဒေ၊ စည်းကမ်းများနဲ့ အညီ ဆောင်ရွက်ဖို့ သူက ပြောကြားသွားခဲ့ပါတယ်။

ကြိုတင်မဲတွေကိုလည်း ပွင့်လင်းမြင်သာစွာ တိကျမှန်ကန်စွာ ဆောင်ရွက် ခဲ့တာ ဖြစ်ကြောင်း နဲ့ မဲစာရင်းတွေကို ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားပြီး ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို အချိန်မီ မတင်သွင်းဘူး ဆိုရင် အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရမယ်လို့လည်း ဆိုပါတယ်။

တွေ့ဆုံပွဲကို UEC တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီ ၄၇ ပါတီက ခေါင်းဆောာင်တွေ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version