THN Public Media Blog မိုးလေဝသ ဖိလစ်ပိုင်ကို တိုင်ဖုန်းမုန်တိုင်း တိုက်ခတ် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများ
မိုးလေဝသ

ဖိလစ်ပိုင်ကို တိုင်ဖုန်းမုန်တိုင်း တိုက်ခတ် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများ

A general view shows vehicles piled up in floodwaters caused by heavy rains brought by Typhoon Kalmaegi in a subdivision of Cebu City in the central Philippines on November 4, 2025. Residents sought refuge on rooftops and cars floated through flooded streets on November 4 as Typhoon Kalmaegi battered the central Philippines, leaving at least two people dead. (Photo by Alan TANGCAWAN / AFP) (Photo by ALAN TANGCAWAN/AFP via Getty Images)

နိုဝင်ဘာ ၄ – ၂၀၂၅

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို တိုင်ဖုန်း ခါမာဂီ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ သုံးဦး သေဆုံး ခဲ့ပြီး လူပေါင်း သိန်းနဲ့ချီ အိမ်တွေ ကနေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖိလစ်ပိုင် ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

မုန်တိုင်းကြောင့် စီဘူးကျွန်းပေါ်ရှိ မြို့နယ်တွေ အပါအဝင် ဧရိယာ အတော်များများ ရေလွှမ်းမိုးခဲ့ပါတယ်။

ရုပ်သံ ဓါတ်ပုံ မှတ်တမ်းတွေ အရ လူများအပြား အိမ်ခေါင်မိုးတွေမှာ တက်ရောက်နေရပြီး ကားတွေ ကုန်သေတ္တာတွေ လမ်းတွေပေါ် ရေနဲ့ မျောပါနေတာကို တွေ့ရပါတယ်။

ကယ်ဆယ်ရေး အတွက် ကူညီဖို့ စေလွှတ်ခဲ့တဲ့ စစ်တပ် ရဟတ်ယာဉ် တစင်း မြောက်ပိုင်း မင်ဒါနာအို ကျွန်းမှာ ပျက်ကျခဲ့ကြောင်း ဖိလစ်ပိုင် လေတပ် (PAF) က ပြောပါတယ်။

လူသေဆုံးမှု ရှိမရှိ အသေးစိတ် ကိုတော့ သတင်း ထုတ်ပြန်ခြင်း မရှိသေးပါ။

မုန်တိုင်းဟာ ဒီကနေ့ အင်္ဂါနေ့ အစောပိုင်းက ကုန်းတွင်းကို ဝင်ရောက်ခဲ့ ပြီးနောက် အားပျော့သွားပေမယ့် တစ်နာရီ မိုင် ၈၀ ကျော် နှုန်းနဲ့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာတော့ တောင်တရုတ်ပင်လယ် ကို ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီနောက် ဗီယက်နမ် ကို ဦးတည်သွားမယ်လို့လည်း ကနဦး ခန့်မှန်းထားပါတယ်။

လူဦးရေ စုစုပေါင်း ၄၀၀၀၀၀ နီးပါး ကို မုန်တိုင်း ဖြတ်သန်းရာ လမ်းကြောင်း ကနေ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အရပ်ဘက် ကာကွယ်ရေးရုံးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဟာ နှစ်စဉ် ပျမ်းမျှ မုန်တိုင်း အလုံး ၂၀ လောက် ဝင်ရောက်လေ့ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version