အမေရိကန်တို့ ဗင်နီဇွဲလား ကနေ ဖမ်းဆီးလာတဲ့ သမ္မတ နီကိုလပ်စ် မာဒူရို ဟာ နယူးယောက်ကို လေယာဥ်နဲ့ ဆိုက်ရောက်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကနေ သူ့ကို ရာဟတ်ယာဥ်နဲ့ မန်ဟက်တန် က ရဟတ်ယာဥ်ကွင်းကို ပို့ဆောင်မှာ ဖြစ်ပါတယ်။
ပြီးရင် အမေရိကန် မူးယစ်ဆေးဝါး တိုက်ချက်ရေး ဌာနချုပ်ဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးမှာ သူ့ကို ဘရွတ်ကလင်ရှိ မြို့ပြ ထိန်းသိမ်းရေး စင်တာကို ခေါ်ဆောင် သွားမှာ ဖြစ်ပြီး အဲဒီမှာ ထိန်းသိမ်းထားကာ လာမယ့်အပတ် ကျရင် မန်ဟက်တန် ဖက်ဒရယ် တရားရုံးမှာ မူးယစ်ဆေးဝါးနဲ့ လက်နက် စွဲချက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
–
ဘယ်လေဆိပ်မှာ ဆင်းသက်လဲ
—————
မာဒူရို ပါဝင်တယ်လို့ ယူဆရတဲ့ လူတစု ဆင်းသက်လာတဲ့ လေဆိပ် ကတော့ နယူးယောက်မြို့ Stewart လေတပ်စခန်း ဖြစ်ပါတယ်။
ဆင်းသက်လာချိန်မှာ မှောင်နေပြီ ဖြစ်လို့ ဘယ်သူ ဘယ်ဝါ မသိနိုင်ပေမယ့် သတင်းမီဒီယာတွေကတော့ မာဒူရို ပါတယ်ဆိုပြီး ဖေါ်ထုတ် ပြောဆိုကြ ပါတယ်။
လူအုပ်စုဟာ လေယာဉ်လှေကား ကနေ ဆင်းသွားပြီး လေယာဉ်ကွင်း ကို ဖြတ်ကျော်သွား ကြပါတယ်။
လူဆယ်ဂဏန်းလောက်ရှိတဲ့ လူတွေဟာ လူတဦးကို ဝန်းရံခေါ်သွား ပုံ ရှိခဲ့ ပါတယ်။
—————-
THN Public Media
