နိုင်ငံတကာ

ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးက အမေရိကန် လုပ်ရပ်ကို ပြင်းပြင်း ထန်ထန် ကန့်ကွက်လိုက်ပြီး နိုင်ငံကို ကာကွယ်ဖို့ အသင့်ရှိတယ်လို့ ကြေညာ

ဇန်နဝါရီ ၃ – ၂၀၂၆

ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး Vladimir Padrino López က အမေရိကန် ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး စစ်တပ် အနေနဲ့ နိုင်ငံကို ကာကွယ်ဖို့ အသင့်ရှိနေတယ်လို့ ကြေညာထားပါတယ်။

အမေရိကန် ရုတ်တရက် ဝင်ရောက်စီးနင်းမှုကြောင့် ဗင်နီဇွဲလားစစ်တပ် ဟာ အစပိုင်းမှာ အတော်လေး တုန်လှုပ် ချောက်ချားသွားခဲ့ပေမဲ့ အခုအခါ မှာတော့ တုံ့ပြန်မှုတွေ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကတော့ ဗင်နီဇွဲလားကို အသွင် ကူးပြောင်းရေး မရောက်မချင်း အမေရိကန်က အုပ်ချုပ်သွားမယ်လို့ ပြောထားပါတယ်။

မြို့တော် ကာရာကပ်စ် က အဓိက စစ်ဘက်ဆိုင်ရာ အဆောက်အအုံ တွေနဲ့ လေတပ်စခန်း တွေဟာ အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ အတွက် လေကြောင်းရန် ကာကွယ်ရေး စနစ်အချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဗင်နီဇွဲလား စစ်တပ်ဟာ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ သံချပ်ကာ ကားတွေနဲ့ လုံခြုံရေး အပြည့်ယူထားပြီး အရေးပေါ် အခြေ အနေ ကြေညာထားပါတယ်။

ဒါ့အပြင် အစိုးရကို ထောက်ခံတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကိုလည်း မြို့ထဲမှာ နေရာချထားပြီး အမေရိကန်ရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ဖို့ ပြင်ဆင်နေကြတာပါ။

မြို့တော်ဝန် Carmen Melendez က ဆိုရင် စစ်ဝတ်စုံဝတ်ပြီး မာဒူရိုကို ပြန်လွှတ် ပေးဖို့ တောင်းဆိုတဲ့ ချီတက်ပွဲတွေကို စစ်တပ်ရဲ့ အကာအကွယ် နဲ့ ဦးဆောင်နေပါတယ်။

တဘက်မှာလည်း အိမ်နီးချင်း ကိုလံဘီယာနိုင်ငံနဲ့ နယ်စပ် တလျှောက်မှာ ဗင်နီဇွဲလား စစ်တပ်က တပ်အင်အားတွေကို ပိုမို တိုးမြှင့်ချထားပြီး စစ်ရေး အသင့်ပြင်ထားတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒါပေမဲ့ အမေရိကန် ဘက်ကတော့ ဗင်နီဇွဲလားစစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း တချို့ဟာ သူတို့နဲ့ ပူးပေါင်းနေပြီလို့ သတင်းလွှင့်ထားတာကြောင့် စစ်တပ် အတွင်းမှာလည်း စိတ်ဝမ်းကွဲမှုတွေ ရှိနေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

—————-

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *