THN Public Media Blog သတင်း War ဗန်းမော်မှာ စစ်တပ်က ထိန်းချုပ်ပေမယ့် တိုက်ပွဲတွေ ဆက်ပြင်းထန်၊ KIA က လေယာဥ်ကွင်း တခြမ်းမှာ ဆက်ရှိ၊ တိုက်ပွဲကြောင့် တမြို့လုံးနီးပါး ပျက်စီးနေ
War နိုင်ငံရေး ပြည်တွင်း

ဗန်းမော်မှာ စစ်တပ်က ထိန်းချုပ်ပေမယ့် တိုက်ပွဲတွေ ဆက်ပြင်းထန်၊ KIA က လေယာဥ်ကွင်း တခြမ်းမှာ ဆက်ရှိ၊ တိုက်ပွဲကြောင့် တမြို့လုံးနီးပါး ပျက်စီးနေ

ဗန်းမော်မှာ စစ်တပ်က ထိန်းချုပ်ပေမယ့် တိုက်ပွဲတွေ ဆက်ပြင်းထန်၊ KIA က လေယာဥ်ကွင်း တခြမ်းမှာ ဆက်ရှိ၊ တိုက်ပွဲကြောင့် တမြို့လုံးနီးပါး ပျက်စီးနေ
စက်တင်ဘာ ၁၅ -၂၀၂၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးရှိ တပ်စခန်းနဲ့ ဌာနချုပ် အပါအဝင် ရပ်ကွက် ကျေးရွာ တချို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီးနောက် မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက် နေတာကြောင့် တိုက်ပွဲတွေ ဆက်ရှိ နေပြီး ပြင်းထန်နေတယ်လို့ သိရပါတယ်။
KIA ပူးပေါင်းတပ်တွေ ကလည်း ဗန်းမော်မြို့ကို လက်မလွှတ်ရရေး ခံစစ် အနေအထားနဲ့ အပြင်းအထန် ကာကွယ် တိုက်ခိုက် နေတာကြောင့် တိုက်ပွဲ က ပိုပြီး ပြင်းထန်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
” စစ်တပ်ဘက်က အင်အားအများအပြားလည်းသုံးတယ်။ဒရုန်းရော ၊မြေပြင်ရော ၊လေကြောင်းရော ဆိုတော့ KIA ဘက်က နောက်ဆုတ်ပေး လိုက်ရတယ် သိရတယ်။ ဒါပေမယ့် KIA က လေယာဥ်ကွင်း တခြမ်းမှာ ဆက်ရှိနေသေးတယ်။ တဘက် အခြမ်းမှာလည်း စစ်တပ်ကရှိနေတယ်။ မြို့ကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းတော့မရှိသေးပါဘူး။ KIA ဘက်ကလည်း သူတို့ အချိန်အတော်ကြာအောင် ထိန်းချုပ်ခဲ့တဲ့မြို့ကို လက်မလွှတ်ဖို့ ကြိုးစားနေတဲ့သဘောရှိတယ်။ တိုက်ပွဲက ပိုပြီး အရှိန်မြှင့် လာမယ့် အခြေအနေရှိတယ်။စစ်တပ် ကလည်းမြို့ကို ရအောင်သိမ်းမှာပဲ ။” လို့ စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဗန်းမော်မြို့ကို စစ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းလာတဲ့ စစ်သင်္ဘောတွေ ရောက်ရှိတဲ့ ဩဂုတ်လ ပထမပတ်က စပြီး စစ်တပ်က စစ်ကြောင်းပေါင်းစုံ ထိုးခဲ့ တာကြောင့် တိုက်ပွဲပြင်းထန်ပြီး စက်တင်ဘာလ ၁၁ ရက်မှာ KIA တပ်ဖွဲ့တွေ ဆုတ်ပေးခဲ့ရတာ ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာ စစ်တပ် စစ်ကြောင်းက ဗန်းမော်မြို့ နယ်မြေခံ တပ်ဌာနချုပ် လေးခု၊ တပ်စခန်းတခုနဲ့ လေဆိပ်၊ နောင်ခိုရပ်ကွက် ၊မင်းလှရပ်ကွက်၊ ပင်စင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက်၊ ပင်စည်ရပ်ကွက်၊ နမ့်ဖားကျေးရွာ စခန်းတွေကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ကြောင်း စစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ကာလ အတွင်း စစ်တပ်နဲ့ KIA တပ်တွေအကြား တိုက်ပွဲမှာ ဗန်းမော်မြို့ တမြို့လုံးနီးပါး ပျက်စီးနေပြီ ဖြစ်တယ်လို့သိရ ပါတယ်။
” စစ်ပွဲမရှိလို့ အိမ်ပြန်ရမယ် ဆိုရင်တောင် နေစရာမရှိဘူး။ မြို့ကြီးက ပျက်စီး ကုန်ပြီလေ။ ပြန်လည်ထူထောင်ရေးကို ဘယ်အဖွဲ့က လုပ်ပေးမလဲ မသိဘူး။ ကျွန်တော်တို့ ပြည်သူတွေ အိမ်တွေ အကုန်ပျက်စီးနေပြီလေ။ ကိုယ့်အိမ် ကိုယ့်မြေ ပြန်ချင်တာပေါ့ဗျာ။” လို့ စစ်ရှောင်နေတဲ့ ဗန်းမော် ဒေသခံက ပြောပါတယ်။
Crd – VOM
photo: SHAN News
—————————
THN Public Media
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
တစ်တော့ လာပြီ
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
————————–
တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version