
မတ်လ ၃၀ – ၂၀၂၆
ဒီကနေ့ တာဝန်လွှဲပြောင်းယူလိုက်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အတွက် UWSA ဝ’ အဖွဲ့က ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
–
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံသို့ –
ယနေ့တွင် ကျင်းပပြီးစီးခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းမှု အခမ်းအနား သတင်းကို ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါသည်။
ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ သက်တမ်းအတွင်း အရေးကြီးသော တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီးနောက် ယခု အခါတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံသို့ တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုကော်မတီ၊ ဝပြည်ပြည်သူ့အစိုးရ၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်နှင့် ဝပြည်အတွင်းရှိ တိုင်းရင်းသား ပြည်သူများ အားလုံးကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အား အနွေးထွေးဆုံးနှင့် အလှိုက်လှဲဆုံး ဂုဏ်ပြုအပ်ပါသည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကာကွယ်ရေးကဏ္ဍတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အတွေ့အကြုံရင့်ကျက်သူ၊ အရည်အချင်းထက်မြက်သူ၊ တည်ငြိမ်ရင့်ကျက်ကာ တာဝန်ယူမှု အပြည့်ရှိသူဖြစ်ကြောင်း သိရှိရပါသည်။
ဗိုလ်ချုပ်ကြီး၏ ဦးဆောင်မှုအောက်တွင် တပ်မတော်သည် မိမိတို့၏ မူလရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းကာ နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဟု ယုံကြည်ပါသည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာသန်စွမ်းပါစေကြောင်းနှင့် တာဝန်ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (ဗဟိုကော်မတီ) မြန်မာနိုင်ငံ၊
အထူးဒေသ (၂) ဝပြည် ပြည်သူ့အစိုးရ
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ဌာနချုပ်)
ရက်စွဲ – ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်
—————————