‘’NUG တခုတည်းနဲ့ မစွမ်းဆောင်နိုင်ဘူးဆိုရင်… စွမ်းဆောင်နိုင်တဲ့ အင်အားစုတွေနဲ့ စုပေါင်းပြီး…’’
ဒေါ်နှင်းနှင်းမွှေး (NUCC ကောင်စီဝင် – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး)
ဗိုလ်ချုပ်ဂွမ်မော်က NUG + K3C ကြီး ၅ ကြီး ဆွေးနွေးမှုတွေ ဆောင်ရွက်နေပြီး အဲဒီကနေ ဖက်ဒရယ်ဦးဆောင်ကောင်စီ FSC လို စုဖွဲ့မှု အကြောင်းလည်း ပါဝင်တယ်လို့ မကြာသေးခင်က အွန်လိုင်းကနေ မိန့်ခွန်းတခု ပြောကြားလိုက်ပါတယ်။
တဘက်မှာလည်း အမျိုးသားညီညွတ်ရေးကောင်စီ NUCC က ကနေ KNU KNPP တို့က ယာယီ ရပ်ဆိုင်းထားပြီး တချို့အဖွဲ့တွေက နုတ်ထွက်သွားပြီဖြစ်လို့ NUCC ကခန်းကဏ္ဍ က ဘယ်လို ဆက်ရှိနိုင်မလဲ။
တချိန်တည်းမှာပဲ အသွင်ကူးပြောင်းရေး ခြေဥ ရေးဆွဲမှု ကနေ အားလုံးပါဝင်တဲ့ အစိုးရ တရပ် ပြန်လည် ဖွဲ့စည်းဖို့ ကလည်း ရှိနေတာ ဖြစ်ပါတယ်။
အခူလို အခြေအနေအောက်မှာ တော်လှန်ရေး အင်အားစုတွေ အကြား ဘယ်လိုစုဖွဲ့ထားတဲ့ တပ်ပေါင်းစု တခု ပေါ်လာနိုင်မလဲ ဆိုတာ NUCC အဖွဲ့ဝင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဒေါ်နှင်းနှင်းမွှေး ကို မေးမြန်းတင်ဆက်ထားပါတယ်။
THN Public Media

