THN Public Media Blog သတင်း နိုင်ငံရေး ဗိုလ်နဂါးကို ထောက်ခံကူညီတဲ့ ဆရာတော်ကို NUG ဖမ်းဆီးထားမှု၊ ၁၀ ရက်ကျော်လာတဲ့အထိ အဆက်အသွယ်မရလို့ ဒကာ ဒကာမတွေ စိုးရိမ်နေ
နိုင်ငံရေး ပြည်တွင်း

ဗိုလ်နဂါးကို ထောက်ခံကူညီတဲ့ ဆရာတော်ကို NUG ဖမ်းဆီးထားမှု၊ ၁၀ ရက်ကျော်လာတဲ့အထိ အဆက်အသွယ်မရလို့ ဒကာ ဒကာမတွေ စိုးရိမ်နေ

မတ်လ ၁ – ၂၀၂၆

ဗိုလ်နဂါးကို ထောက်ခံကူညီတဲ့ စစ်ကိုင်းတိုင်း ပုလဲနယ် သီတင်းကံကြီးရွာ ဒက္ခိဏာရုံကျောင်း ဆရာတော် ဦးအရိယဝံသကို ကို တိုင်းအဆင့် ပသုံးလုံး က ဖမ်းဆီးထားပြီး ၁၀ ရက်ကျော်လာတဲ့ အထိ ဘာ အဆက် အသွယ်မှ မရတဲ့ အတွက် ဆရာတော်ရဲ့ ဒကာ ဒကာမတွေ အလွန်တရာ စိုးရိမ် နေကြတယ် လို့ သိရပါတယ်။

ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ဗိုလ်နဂါး စစ်တပ်ဆီ လက်နက်ချသွားခဲ့ ပြီးနောက် အဲဒီနေ့ ည ၁၁ နာရီလောက်မှာ ဘုန်းကြီးကျောင်းထဲကို ပသုံးလုံးတွေက အကြမ်းပတမ်း ဝင်ရောက်စီးနင်းပြီး ဆရာတော်ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဆရာတော်ဟာ ဗိုလ်နဂါး လွတ်အောင် ဆောင်ရွက်ခဲ့တာဆိုပြီး ပသုံးလုံး ဘက်က နောက်ပိုင်းမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဆရာတော်ကို အသက် အာမခံတယ်လို့ တိုင်းအဆင့် ပသုံးလုံး ပြောကြား ထားပေမယ့် အခုအချိန် အထိ အဆက်အသွယ် လုပ်လို့ မရသလို ဖုန်းဆက် လို့ လည်း မရဘူးလို့ သိရပါတယ်။

ဒက္ခိဏာရုံ ဘုန်းကြီးကျောင်းအတွက် ရွာက လှူထားတဲ့ ကားကိုလည်း ဆရာတော်ကို ဖမ်းတဲ့ညက ပသုံးလုံးတွေက ယူသွားပြီး ဒက္ခိဏာရုံကျောင်း တံဆိပ်ကပ်ထားတဲ့ စတစ်ကာ ကို ခွာကာ ကားကို အသုံးပြုနေတဲ့ အတွက် လှူထားတဲ့ အလှူရှင်တွေက ကားကို ပြန်ပေးစေလို ကြောင်း ပြောတယ်လို့ ရွာနဲ့ နီးစပ်တဲ့ ပုလဲဒေသခံ တဦးက ပြောပါတယ်။

ဒါ့အပြင် ဘုန်းကြီကျောင်းက ဖုန်းတွေ power bank တွေနဲ့ Bluetooth ဆောင်းဘောက် တွေလည်း ယူဆောင်သွားခဲ့တယ်လို့ သူက ပြောပါတယ်။

ဆရာတော်နဲ့ ပတ်သက်ပြီး နီးစပ်ရာ တာဝန်ရှိသူတွေကို ဒကာ ဒကာမ တွေက မေးကြည့်ရာ အသက်မသေကြောင်းနဲ့ မေးစရာတွေ ရှိသေး ကြောင်း အပြစ်ရှိရင် အရေးယူခံရမယ် ဆိုတာလောက်သာ သိရတယ်လို့ ဆိုပါတယ်။

ဖုန်းနဲ့ပြောဆိုခွင့်တောင် မရတဲ့ အတွက် ဒကာ ဒကာမ တချို့က ရထုမနာ ဖြစ်ပြီး ဘုန်းကြီးကျောင်းကို ခဏတဖြုတ် လာရောက်ကာ ငိုယို နေကြ တယ် လို့ ပုလဲ ဒေသခံ က ပြောပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version