နိုင်ငံရေး

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF တပ်တချို့ ကရင်အမျိုးသားတပ်မတော် KNA အဖြစ်ပြောင်းလဲ

ဇန်နဝါရီ ၂ – ၂၀၂၅

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF တပ်တချို့ ဟာ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် မနေ့ နှစ်သစ်ကူးနေ့မှာ ပြောင်းလဲကာ ဘတ်တံဆိပ်တွေပါ ပြောင်းလဲတပ်ဆင်ပြီ ဖြစ်ကြောင်းသိရပါတယ်။

တပ်ရင်းတပ်ဖွဲ့ ဘယ်လောက် ပြောင်းလဲ လိုက်တယ်ဆိုတာ မသိရသေးပေမယ့် မနေ့က ဆိုရှယ်မီဒီယာမှာ BGF ကို KNA ဘတ်တံဆိပ်ပြောင်းတပ်နေတဲ့ ပို့စ်တွေ အတော်များများ တက်လာတာကို တွေ့ရပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မလုပ်သေးသလို မြန်မာစစ်တပ် ကလည်း ထုတ်ပြောတာမျိုး မရှိသေးပါ။

BGF ဟာ ကျားဖျန့်လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး ဗိုလ်မှူးကြီး စောချစ်သူ ကို အမေရိကန် က ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ထားသလို တရုတ်နဲ့ နိုင်ငံတကာကပါ ကျားဖျန့်နှိမ်နင်းရေး အတွက် BGF ဖိအားပေး နေတာ ဖြစ်ပါတယ်။

Photo: Ler Ler Pyaw Pyaw

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *