War နိုင်ငံတကာ

ဗြိတိန် ဖျက်သင်္ဘော HMS Dragon ဆိုက်ပရပ်စ်ကျွန်း ကို ထွက်ခွာ

မတ်လ ၁၁ – ၂၀၂၆

ဗြိတိန်ရဲ့ ခုံခံ ကာကွယ်ရေး အတွက် HMS Dragon ဖျက်သင်္ဘောဟာ မြေထဲပင်လယ် အရှေ့ပိုင်းကို မနေ့ နေ့လယ်ပိုင်းမှာ စတင် ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

ဒီစစ်သင်္ဘောဟာ Type 45 ဖျက်သင်္ဘောဖြစ်ပြီး Portsmouth ဆိပ်ကမ်း ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ကာ နောက်တပတ်မှာ အဲဒီဒေသကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဖျက်သင်္ဘောဟာ ဆိုက်ပရပ်စ်ကျွန်း က ဗြိတိန်လေတပ် စခန်း RAF Akrotiri ကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

ဒီစခန်းဟာ ဒီလအစောပိုင်းက အီရန်လုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး၊ အဲဒီ ဒရုန်းဟာ လက်ဘနွန် ဒါမှမဟုတ် အီရတ်ဘက် ကနေ လာတာလို့ ကာကွယ်ရေးဝန်ကြီး John Healey က ဆိုပါတယ်။

HMS Dragon မှာ Sea Viper ဒုံးကျည်တွေ တပ်ဆင်ထားပြီး၊ ဒရုန်းတွေကို ပစ်ချနိုင်တဲ့ Martlet ဒုံးကျည် တပ်ဆင်ထားတဲ့ Wildcat ရဟတ်ယာဉ် တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူနာတင် ကုသမှုနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်တဲ့ ထောက်ပံ့ရေး သင်္ဘော အဖြစ်လည်း အသင့်အနေအထား ပြင်ထား ပါတယ်။

လိုအပ်လာရင် အရှေ့အလယ်ပိုင်းက ဗြိတိန်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အသုံးပြုမှာပါ။

ဗြိတိန်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန် အပေါ် ထိုးစစ် ဆင်နွှဲမှုမှာ တိုက်ရိုက် မပါဝင်သေးပေမဲ့၊ အမေရိကန်တပ်ဖွဲ့တွေ အနေနဲ့ အီရန်ရဲ့ ဒုံးကျည်နဲ့ လွှတ်တင်စင်တွေကို ခုခံကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ဖို့ ဗြိတိန် လေတပ် စခန်းတွေကို အသုံးပြုခွင့် ပေးထားပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *