ဧပြီ ၂၇ – ၂၀၂၆
အမေရိကန်ကို နိုင်ငံတော် ခရီးစဥ် အဖြစ်ရောက်ရှိသွားတဲ့ ဗြတိသျှ ဘုရင် ချားလ်စ် နဲ့ ဘုရင်မ ကမီလာ တို့ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ကတော် မီလနီယာ ထရမ့် တို့က အိမ်ဖြူတော် ကနေ ကြိုဆိုခဲ့ကြ ပါတယ်။
ဒီခရီးစဉ်ဟာ ၂၀၀၇ ခုနှစ်တုန်းက ဘုရင်မကြီး အဲလိဇဘက် ရဲ့ ခရီးစဉ် နောက်ပိုင်း ဗြိတိန် ဘုရင်တပါးရဲ့ ပထမဆုံး အမေရိကန် နိုင်ငံတော်ခရီးစဉ် ဖြစ်ပါတယ်။
အခုလို ဘုရင်ရောက်လာတဲ့ အချိန်ဟာ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ဗြိတိန်နဲ့ အမေရိကန် အကြား ဆက်ဆံရေး တင်းမာနေတဲ့ ကာလတခုနဲ့ တိုက်ဆိုင် နေပါတယ်။
စနေနေ့က ထရမ့်တက်ရောက်တဲ့ သတင်းထောက်တွေ ညစာစားပွဲမှာ သေနတ်သမား တယောက် အတင်းဝင်လာဖို့ ကြိုးစားပြီး ပစ်ခတ်မှု ဖြစ်ခဲ့ ပေမယ့်လည်း ဗြိတိန် ဘုရင်ကြီးက ခရီးစဥ်ကို မဖျက်ဘဲ အစီအစဥ် အတိုင်း သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ကတော့ ဘုရင်ကြီး အနေနဲ့ “လွန်စွာမှ လုံခြုံစိတ်ချမှု ရှိမှာပါ” လို့ ပြောကြားခဲ့ ပါတယ်။
photo: getty
—————————
THN Public Media
