THN Public Media Blog သတင်း ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း မက်ဆီရဲ့ ဟက်ထရစ် နဲ့ ချန်ပီယံ အာဂျင်တီးနား ၃ မှတ်ယူ
ရွှေစျေး ငွေစျေး ကုန်စျေးနှုန်း

မက်ဆီရဲ့ ဟက်ထရစ် နဲ့ ချန်ပီယံ အာဂျင်တီးနား ၃ မှတ်ယူ

KANSAS CITY, MISSOURI - JUNE 16: Lionel Messi #10 of Argentina scores his team's first goal during the FIFA World Cup 2026 Group J match between Argentina and Algeria at Kansas City Stadium on June 16, 2026 in Kansas City, Missouri. (Photo by Francois Nel/Getty Images

အာဂျင်တီးနား ၃ : ၀ အယ်ဂျီးရီးယား

ဇွန် ၁၇ – ၂၀၂၆

ကမ္ဘာ့ဖလား အုပ်စု J မှာ လက်ရှိချန်ပီယံ အာဂျင်တီးနား က မက်ဆီရဲ့ ဟက်ထရစ် နဲ့ အယ်ဂျီးရီးယားကို အနိုင်ရပြီး ၃ မှတ်အပြည့် ယူထားလိုက်ပါတယ်။

မက်ဆီဟာ ကမ္ဘာ့ဖလား ၆ ကြိမ်မြောက် အဖြစ် အခု ကစားနေရာမှာ ဒါဟာ သူ့အတွက် ပထမဆုံး ကမ္ဘာ့ဖလား ဟက်ထရစ် အဖြစ် သမိုင်းဝင် သွားပါတယ်။

ဒါ့အပြင် သူ့ရဲ့ ကမ္ဘာ့ဖလား ၁၆ ဂိုးမြောက် ကိုလည်း သွင်းယူခဲ့တာ ဖြစ်ပြီး ဂျာမနီက Miroslav Klose နဲ့အတူ ကမ္ဘာ့ဖလား ဂိုးအများဆုံးသွင်းသူ ဖြစ်နေ ပါတယ်။

ဘရားဇီးက ရော်နယ်ဒိုက အများဆုံး ၁၅ ဂိုးသွင်းခဲ့ပြီး အခု ပြင်သစ်က အမ်ဘာပေ နဲ့ အနောက်ဂျာမနီ ခေတ်တုန်းက Gerd Muller တို့က ၁၄ ဂိုးစီနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။

မက်ဆီဟာ အခု အသက် ၃၈ နှစ် ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version