အာဂျင်တီးနား ၃ : ၀ အယ်ဂျီးရီးယား
ဇွန် ၁၇ – ၂၀၂၆
ကမ္ဘာ့ဖလား အုပ်စု J မှာ လက်ရှိချန်ပီယံ အာဂျင်တီးနား က မက်ဆီရဲ့ ဟက်ထရစ် နဲ့ အယ်ဂျီးရီးယားကို အနိုင်ရပြီး ၃ မှတ်အပြည့် ယူထားလိုက်ပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဖလား ၆ ကြိမ်မြောက် အဖြစ် အခု ကစားနေရာမှာ ဒါဟာ သူ့အတွက် ပထမဆုံး ကမ္ဘာ့ဖလား ဟက်ထရစ် အဖြစ် သမိုင်းဝင် သွားပါတယ်။
ဒါ့အပြင် သူ့ရဲ့ ကမ္ဘာ့ဖလား ၁၆ ဂိုးမြောက် ကိုလည်း သွင်းယူခဲ့တာ ဖြစ်ပြီး ဂျာမနီက Miroslav Klose နဲ့အတူ ကမ္ဘာ့ဖလား ဂိုးအများဆုံးသွင်းသူ ဖြစ်နေ ပါတယ်။
ဘရားဇီးက ရော်နယ်ဒိုက အများဆုံး ၁၅ ဂိုးသွင်းခဲ့ပြီး အခု ပြင်သစ်က အမ်ဘာပေ နဲ့ အနောက်ဂျာမနီ ခေတ်တုန်းက Gerd Muller တို့က ၁၄ ဂိုးစီနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။
မက်ဆီဟာ အခု အသက် ၃၈ နှစ် ဖြစ်ပါတယ်။
—————————
THN Public Media
