THN Public Media Blog သတင်း နိုင်ငံရေး မင်းကင်းဖြစ်စဥ် အဖြေမထုတ်ပေးပါက NUG တရားဝင်မှုကို ကာကွယ် ပေးတော့မှာ မဟုတ်ကြောင်း တော်လှန်ရေး အင်အားစုများ သဘောထား ထုတ်ပြန်
နိုင်ငံရေး

မင်းကင်းဖြစ်စဥ် အဖြေမထုတ်ပေးပါက NUG တရားဝင်မှုကို ကာကွယ် ပေးတော့မှာ မဟုတ်ကြောင်း တော်လှန်ရေး အင်အားစုများ သဘောထား ထုတ်ပြန်

မေလ ၂၈ – ၂၀၂၆

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ဥက္ကဌ ကိုစံတင်ထွန်း ကို မင်းကင်း ပကဖ က သေနတ်ပစ်ဖေါက် ဖမ်းဆီး ခေါ်ဆောင်ပြီး ဒေသခံပြည်သူတွေကိုပါ ပစ်ခတ်ခဲ့မှု နဲ့ ပတ်သက်ပြီး ဗကသ များအဖွဲ့ချုပ် GSC နဲ့ ၈၈ မျိုးဆက်တွေ အပါအဝင် တော်လှန်ရေး အင်အားစု ၁၆ ဖွဲ့က ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချ ကြောင်း ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အခုလို လုပ်ရပ်ဟာ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းတွေနဲ့ လုံးဝ သွေဖည် နေပြီး အာဏာရှင်လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုစံတင်ထွန်းကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ နဲ့ ပစ်ခတ်ခဲ့သူတွေကို အရေးယူပေးဖို့ အပါဝင် အချက် ၅ ချက်ကို တောင်းဆိုထားပါတယ်။

အခု မင်းကင်းဖြစ်စဥ်ကို တိကျတဲ့ အဖြေမထုတ်ပေးပါက အမျိုးသား ညီညွတ်ရေးအစိုးရ NUG တရားဝင်မှုကို ဆက်ပြီး ကာကွယ်ပေးတော့မှာ မဟုတ်ဘူးလို့လည်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version