ကရင်အမျိုးသားအစည်းအရုံး KNU က ဝင်စီးထားခဲ့တဲ့ DKBA လက်အောက် မင်းလက်ပံ ကျားဖျန့် ဝင်းထဲက အရပ်သားတွေ နဲ့ နိုင်ငံခြားသားတွေ လုံခြုံရေး အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ကို အာဏာအပ်နှင်းလိုက်ကြောင်း KNU ကနေ ဒီကနေ့ အရေးပေါ် သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ မနက်ပိုင်းကဆိုရင် အဲဒီ ကျားဖျန့်ဝင်း (Shunda Park) ထဲကို စစ်တပ် တပ်မ ၂၂ လက်အောက်ခံ တပ်ဖွဲ့ကနေ ပစ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီး ၂ လုံး တည့်တည့် ကျရောက်ခဲ့လို့ ထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
အခုဆိုရင် မင်းလက်ပံနဲ့ ကျားဖျန့်ဝင်း (Shunda Park) တို့ရဲ့ လုံခြုံရေး အခြေအနေ ဟာ အတိုင်းထက် အလွန် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းမြန်မာ နယ်စပ် နှစ်ဘက်စလုံးက အရပ်သားတွေ အနေနဲ့ လည်း လုံခြုံရေး စိုးရိမ်နေရပါတယ်။
ဒီအတွက်ကြောင့် အခုလို KNLA ကို အာဏာအပ်နှင်းမှုကို သေချာချင့်ချိန် သုံးသပ် ချမှတ်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media



