မတ် ၁၀ – ၂၀၂၆
မန္တလေးတိုင်း အတွင်း PDF တွေ ထိန်းချုပ်ထားတဲ့ တခုတည်းသာ ကျန်တော့တဲ့ တကောင်းမြို့ကို ဒီကနေ့ မတ် ၁၀ ရက်နေ့မှာ စစ်တပ်က အပြည့်အဝ ပြန်လည် ထိန်းချုပ် လိုက်ပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းတွေ အရသိရပါတယ်။
မတ်လ ၉ ရက်နေ့မှာ တကောင်းမြို့နဲ့အနီး နှစ်မိုင်လောက်သာ ကွာဝေးတဲ့ မကျီးကုန်းရွာ ၊ဆင်ညှပ်ကုန်းရွာကို စစ်တပ်က ထိန်းချုပ်ခဲ့ပြီးနောက်မှာ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် တကောင်းမြို့ကနေ PDF အဖွဲ့တွေ နောက်ဆုတ် ပေးလိုက်ရပြီး စစ်တပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ် ။
တကောင်းမြို့ဟာ မန္တလေးတိုင်းထဲမှာ PDF အဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ နောက်ဆုံးမြို့ တမြို့ဖြစ်ပြီး လက်ရှိမှာတော့ လက်လွှတ်လိုက်ရပြီ မန္တလေးတိုင်း တတိုင်းလုံးကို စစ်တပ်က ပြန်လည်ထိန်းချုပ် သွားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။
တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ အတွက် စစ်တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမပတ်လောက်က စပြီး အင်းအား အများအပြားနဲ့ တွင်းငယ်ရွာ ကနေ စတင်စစ်ကြောင်းထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
တကောင်းမြို့ကို ပြန်လည်ရရှိရေး အတွက် မြေပြင်စစ်ကြောင်း အပြင် အဆင့်မြင့်နည်းပညာ ဒရုန်းဗုံး၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက် မှုတွေ တပြိုင်နက်တည်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တကောင်းမြို့ကို ပြန်ထိန်းချုပ်ပြီးတဲ့နောက် တကောင်း – မိုးမိတ် – မိုးကုတ် လမ်းကို ဖွင့်လှစ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တကောင်းမြို့ကို ပြီးခဲတဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ PDF ပူးပေါင်း တပ်တွေက ထိန်းချုပ်ခဲ့တာ ဖြစ်ပြီး တနှစ်နဲ့ ခုနှစ်လ အကြာမှာ လက်လွှတ်လိုက် ရပြီး စစ်တပ်တွေက ပြန်လည်ထိန်းချုပ်နိုင်သွားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တကောင်းမြို့က ဒေသခံတွေနဲ့ အနီးတဝိုက် ကျေးရွာတွေ က ဒေသခံတွေဟာ လတ်တလော စစ်ရေး အခြေအနေရ စစ်ရှောင် နေကြ ရတယ်လို့ သိရပါတယ်။
crd – VOM
—————————
THN Public Media
