THN Public Media Blog သတင်း ပြည်တွင်း မန္တလေး KBZ ဘဏ်ခွဲတခုမှာ သိန်း ၂၃၀၀ ကျော် ဓါးပြတိုက်ခံရ
ပြည်တွင်း

မန္တလေး KBZ ဘဏ်ခွဲတခုမှာ သိန်း ၂၃၀၀ ကျော် ဓါးပြတိုက်ခံရ

မတ်- ၁၃- ၂၀၂၆

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ ရပ်ကွက်၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား ၇၈ လမ်း ရန်ကုန် – မန္တလေးလမ်းဟောင်းမှာရှိတဲ့ ကမ္ဘောဇ ဘဏ်ခွဲ ၄၂ (စက်မှုပန်းခြံဘဏ်ခွဲ) ဓားပြတိုက်ခံရမှုမှာ ငွေသား ၂၃၉၂၀၅၀၀၀ ကျပ် ပါသွားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ Scoopy အနက်ရောင်ဆိုင်ကယ် နဲ့ အမျိုးသား (၂)ဦးဟာ ဆိုင်ကယ်ဦးထုပ် အနက်ဆောင်းထားပြီး အင်္ကျီလက်ရှည်များ ဝတ်ဆင်ကာ သေနတ် အတို (၁)လက်၊ ဓားရှည် (၁)ချောင်း ကိုင်ဆောင်ပြီး ဘဏ်အတွင်း ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ကောင်တာကနေ (၂၃၉၂၀၅၀၀၀) ကျပ် ကို ယူဆောင်ပြီး ၃ နာရီ ၂၁ မိနစ်မှာ ၇၈ လမ်း ရန်ကုန် -မန္တလေး လမ်းဟောင်းအတိုင်း မြောက်ဘက်ကို မောင်းနှင်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ ဘဏ်ခွဲမှာ ဝန်ထမ်း စုစုပေါင်း ၃၃ ဦး လုံခြုံရေး ဝန်ထမ်း ၅ ဦး ရှိတယ်လို့ သိရပြီး ဓားပြတိုက်မှု ဖြစ်စဥ်ကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

တရားခံ ဖမ်းမိရေး နယ်မြေခံ လုံခြုံရေးအဖွဲ့တွေ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version