THN Public Media Blog Sport မန်ယူ နဲ့ လီဗာဗူး ပွဲမစခင် ဖာဂူဆန်ကို ဆေးရုံပို့လိုက်ရ
Sport

မန်ယူ နဲ့ လီဗာဗူး ပွဲမစခင် ဖာဂူဆန်ကို ဆေးရုံပို့လိုက်ရ

CHELTENHAM, UNITED KINGDOM - MARCH 13: (EMBARGOED FOR PUBLICATION IN UK NEWSPAPERS UNTIL 24 HOURS AFTER CREATE DATE AND TIME) Sir Alex Ferguson watches his horse 'Caldwell Potter' run in and win the Jack Richards Novices' Limited Handicap Chase on day 3 'St Patrick's Thursday' of the Cheltenham Festival at Cheltenham Racecourse on March 13, 2025 in London, England. (Photo by Max Mumby/Indigo/Getty Images

မေလ ၄ – ၂၀၂၆

မနေ့က အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး တို့ရဲ့ ပရီမီးယားလိဂ် ပွဲစဉ် မစတင်ခင် လေးမှာပဲ မန်ယူနည်းပြဟောင်း ဆြာ အဲလက်စ် ဖာဂူဆန်ဟာ ကွင်းထဲမှာ နေမကောင်း ဖြစ်ခဲ့တာကြောင့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဆေးရုံကို ပို့ဆောင် လိုက်ရ ပါတယ်။

အသက် ၈၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဖာဂူဆန် ကို ဆေးရုံပို့လိုက်တာဟာ ကြိုတင် ကာကွယ်တာသာ ဖြစ်ပြီး အရေးပေါ် အခြေအနေမျိုး မဟုတ်ဘူး လို့ သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်။

ယူနိုက်တက် အသင်းကို ၂၇ နှစ်ကြာအောင် အောင်မြင်မှုများစွာနဲ့ ဦးဆောင် ခဲ့တဲ့ ဖာဂူဆန်ဟာ အသင်းရဲ့ ပွဲစဉ်တွေကို အမြဲတမ်း လာရောက် ကြည့်ရှုလေ့ရှိသူ ဖြစ်ပါတယ်။

သူ့ကို ဆေးရုံတင်လိုက်ပြီး နောက်ပိုင်းမှာတော့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ထပ်မံ ထုတ်ပြန်ချက်မျိုး မရှိသေးပါ။

ဖာဂူဆန်ဟာ ၂၀၁၈ ခုနှစ်တုန်း ကလည်း ဦးနှောက် သွေးယိုစီးမှုကြောင့် အသည်းအသန် ဖြစ်ခဲ့ဖူးပြီး အဲဒီကနေ ပြန်လည် သက်သာလာပုံတွေကို ၃ နှစ် အကြာမှာ အသေးစိတ် ပြန်လည်ပြောပြခဲ့ဖူးပါတယ်။

တနင်္ဂနွေနေ့ ပွဲမစခင် နာရီပိုင်း အလိုမှာတောင် သူဟာ ဧည့်သည်တွေ နဲ့အတူ ကွင်းထဲမှာ ပျော်ပျော်ပါးပါး ရှိနေခဲ့တာကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

နှလုံး အထူးကုဆရာဝန်ကြီး ဒေါက်တာ Aseem Malhotra ကလည်း ဖာဂူဆန်နဲ့ အတူ ရိုက်ထားတဲ့ပုံကို X လူမှုကွန်ရက်မှာ တင်ခဲ့ပြီး လီဗာပူးနဲ့ ပွဲမတိုင်ခင် ဆြာ အဲလက်စ်ဖာဂူဆန်နဲ့ အတူတူ အချိန်ဖြုန်းခွင့်ရတာဟာ အိပ်မက် တခုလိုပဲလို့ ရေးသားခဲ့ပါတယ်။

ဖာဂူဆန်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းရဲ့ လူနာတင်ယာဉ် ဝင်တဲ့ လမ်းကြောင်း ကနေ တဆင့် ဆေးရုံကို ခေါ်ဆောင်သွားခဲ့တာပါ။

အသင်းတာဝန်ရှိသူတွေ ကတော့ ဖာဂူဆန် အနေနဲ့ မကြာခင်မှာပဲ ကျန်းမာလာပြီး နေအိမ်ကို ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြ ပါတယ်။

လီဗာပူး အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ မိုက်ကယ်ကားရစ် ကလည်း သူ့ရဲ့နည်းပြဟောင်းကြီး အတွက် ဆုတောင်း ပေးခဲ့ ပါတယ်။

မန်ယူ အသင်းနိုင်တဲ့ သတင်းကို ကြားလိုက် ရရင် နည်းပြကြီးအတွက် ခွန်အားဖြစ်စေမှာပါလို့ ကားရစ်က ပြောကြားခဲ့ ပါတယ်။

ကားရစ်ဟာ ၂၀၀၆ ခုနှစ်မှာ စပါးအသင်းမှာ ကစားနေရာ ကနေ မန်ယူ နည်းပြ ဖာဂူဆန်က ခေါ်ယူခဲ့ ပြီးနောက် ပရီမီယံလိဂ် ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား အပါအဝင် အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version