THN Public Media Blog သတင်း နိုင်ငံရေး မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာပြီ၊ မြန်မာ့ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမယ်
နိုင်ငံရေး ပြည်တွင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာပြီ၊ မြန်မာ့ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမယ်

အောက်တိုဘာ ၉ – ၂၀၂၅

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို ထွက်ခွာလာပြီ ဖြစ်ပြီး၊ မြန်မာစစ်ကော်မရှင် ဥက္ကဌ နဲ့ တွေ့ဆုံကာ မြန်မာ့ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမယ်လို့ သိရပါတယ်။

“သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစော နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံကို သွားနေပါတယ်” လို့ မိုဟာမက် ဟာဆန် က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသား ဖေါ်ပြထားပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ ကတည်းက မြန်မာနိုင်ငံကို လာဖို့ စီစဉ် ထားပေမယ့် ရှောင်လွှဲမရသော အခြေအနေတွေကြောင့် ခရီးစဥ် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

မိုဟာမက်နဲ့ အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ ရဲ့ အထူးသံတမန် တန်ဆရီ အော့စ်မန် ဟာရှန် လိုက်ပါလာတယ်လို့ သိရပါတယ်။

မြန်မာစစ်ကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့တဲ့ အခါ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝနဲ့ အဓိပ္ပာယ်ပြည့်ဝစွာ အကောင် အထည်ဖော်ဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။

အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်စဲရေး၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ အကန့်အသတ်မရှိ စေရေး နဲ့ မြန်မာ့အရေး သက်ဆိုင်သူအားလုံး ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးပွဲ ပြုလုပ်ရေး တို့ အတွက်လည်း ဆောင်းဆိုမယ်လို့ သိရပါတယ်။

မလေး နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားသော ရွေးကောက်ပွဲကိစ္စ ကိုလည်း ဆွေးနွေးဖွယ် ရှိပါတယ်။

ကိုးကား – malaymail

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version