THN Public Media Blog သတင်း နိုင်ငံရေး မလေးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ နေ့ချင်းပြန် လာရောက် ဆွေးနွေး
နိုင်ငံရေး

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ နေ့ချင်းပြန် လာရောက် ဆွေးနွေး

မေလ ၂၀ – ၂၀၂၆

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမတ် ဟာဆန် နဲ့ အဖွဲ့ဟာ မနေ့ မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကို လေယာဥ်နဲ့ ဆိုက်ရောက် လာပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးတင်မောင်ဆွေ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း မြန်မာဘက်က သတင်းထုတ်ပြန် ထားပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေး နဲ့ အာဆီယံဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတို့ ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြ ထားပါတယ်။

အဲဒီနောက် MGallery Hotel မှာ နေ့လယ်စာနဲ့ တည်ခင်းဧည့်ခံ ခဲ့ပြီး ညနေပိုင်းမှာ မစ္စတာ ဟာဆန် နဲ့ အဖွဲ့ဟာ မလေးရှားနိုင်ငံကို ပြန်လည် ထွက်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version