အမေရိကန်ဖမ်းဆီးလာတဲ့ ဗင်နီဇွဲလာ သမ္မတ မာဒူရို နဲ့ သူ့ ဇနီး တို့ကို နယူးယောက် ဖက်ဒရယ်တရားရုံး မှာ ဒီကနေ့ ရုံးထုတ်ခဲ့ရာ မာဒူရိုက သူဟာ သမ္မတ တဦး ဖြစ်နေဆဲ လို့ ပြောဆိုလိုက်ပြီး အမေရိကန် က စွဲဆိုထားတဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ တခြားအမှုတွေအားလုံး အတွက် သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုသွားပါတယ်။
လူတယောက်က မာဒူရိုကို “မင်းလုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်” လို့ အော်ဟစ်ခဲ့တာကို မာဒူရိုက သူဟာ “ပြန်ပေးဆွဲခံထားရတဲ့ သမ္မတ” ဖြစ်ပြီး “စစ်သုံ့ပန်း” တယောက်လို ဆက်ဆံ ခံနေရတာပါလို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
တရားရုံးအပြင်ဘက်က ဆန္ဒပြမှုတွေမှာတော့ တချို့က “အမေရိကန် အနေနဲ့ ဗင်နီဇွဲလားကိစ္စ လက်ရှောင်ပါ” ဆိုတဲ့ ပိုစတာတွေ ကိုင်ထားကြ သလို၊ တချို့ကလည်း “သမ္မတ ထရမ့်ကို ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင် ထားကြပါတယ်။
အခုတော့ မာဒူရို နဲ့ သူ့ဇနီးကို တရားရုံး ကနေ ထိန်းသိမ်းရေး စင်တာကို ပြန်ခေါ် သွားပြီ ဖြစ်ပါတယ်။
မာဒူရို ဖမ်းဆီး တရားစွဲ ခံနေရချိန်မှာ ဗင်နီဇွဲလားနိုင်ငံမှာတော့ ခေါင်းဆောင်သစ် Delcy Rodríguez ဟာ အမျိုးသားလွှတ်တော်ရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး အာဏာလွှဲပြောင်းယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
—————————
THN Public Media
