ဇွန် ၂ – ၂၀၂၆
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က မိမိတို့သည် ၂၀၂၀ ရွေးကောက်ခံ တရားဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြောင်း နဲ့ နိုင်ငံတကာ ပါတီမန်များအဖွဲ့ IPU မှာ ကိုယ်စားပြု ရောက်နိုင်ဆဲ ဖြစ်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ လုပ်ပြီး တရားမဝင် လွှတ်တော်နဲ့ အစိုးရကို ဖန်တီးကာ သူတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ကင်းလွတ်ခွင့် ရဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတွက် အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မတရား ဖမ်းဆီးခံထားရသူ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး နည်းလမ်းပေါင်းစုံ ဖိအားပေးဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် လေယာဥ်ဆီနဲ့ စစ်လက်နက်ရောင်းချတာတွေ ရပ်တန့်ဖို့ အပါအဝင် နောက်ထပ် အချက် ၅ ချက်ကိုလည်း နိုင်ငံတကာက လုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။
—————————
THN Public Media
