War

မိုးကုတ်မြို့ကနေ PDF တပ်ဖွဲ့တွေ အကုန် ဆုတ်ခွာပြီ

နိုဝင်ဘာ ၂၈ – ၂၀၂၅

မန္တလေးတိုင်း မိုးကုတ်မြို့မှာ TNLA တပ်ဖွဲ့နဲ့ အတူ တပ်ဆွဲထားတဲ့ PDF တပ်ဖွဲ့ တွေ မနေ့ညနေပိုင်းမှာ ဆုတ်ခွာ သွားတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါ တယ်။

မြို့ထဲမှာ PDF တပ်ဖွဲ့တွေကို မတွေ့ရတော့ သလို မြို့ခံအများစုလည်း ဒီနေ့မှာ ထပ်ပြီး ရွှေ့ပြောင်း နေကြတယ်လို့ မိုးကုတ်မြို့ခံတွေထံက သိရပါတယ်။

“မြို့ထဲကနေ PDF တွေ ထွက်သွားကြပြီ။ အရင်လို မတွေ့တော့ဘူး။ TNLA အဖွဲ့တွေတော့ မြို့ထဲ ရှိနေသေးတယ်” လို့ မိုးကုတ်မြို့ခံတစ်ယောက်က ပြောပါတယ်။

အခုရက်ပိုင်းမှာပဲ မိုးကုတ်မြို့ထဲ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေ ပြန်ဝင်လာ မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

“စစ်သားတွေ ရောက်နေပြီဆိုပြီး တမြို့လုံးမှာ သတင်းထွက်နေတာ။ ဘယ်သူမှတော့ တိတိကျကျ မသိရပါဘူး။ မြင်လည်း မမြင်ရပါဘူး။ ကောလ ဟလတွေ ထွက်နေတယ်။ စစ်တပ်က လကုန်မှ ဝင်မယ် လို့ပဲ သိထားတာ” လို့ မိုးကုတ်မြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။

၁၀၂၇ တိုက်ပွဲကာလမှာ မိုးကုတ်ကို TNLA နဲ့ MDYPDF မဟာမိတ် ပူးပေါင်း အဖွဲ့က သိမ်းပိုက်ခဲ့တာပါ။

အစိုးရနဲ့ TNLA တို့ အပစ်ရပ်ပြီးနောက်ပိုင်း မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ဖယ် ပေးမယ်လို့ TNLA က ပြောဆို ခဲ့ပြီး အခုလကုန်မှာ မိုးကုတ်မြို့ အလွှဲအပြောင်း အစီအစဉ်တွေ လုပ်ဆောင်မယ်လို့ TNLA နဲ့ နီးစပ်တဲ့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ မိုးကုတ်မြို့ထဲ လူဦးရေ အနည်းငယ်သာ ကျန်ပြီး ကျောက်လုပ်ကွက်တွေမှာတော့ ကျောက်တူးတဲ့ အလုပ်သမားတွေ ဆက်လုပ်ကိုင် နေကြတယ်လို့ မိုးကုတ်မြို့ခံတွေ ဆီကနေ သိရ ပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *