THN Public Media Blog သတင်း War မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို NUG MOD သိမ်းပိုက်၊ မိုးကုတ် – မိုးမိတ်ဒေသ နောက်ဆုံးအခြေ သတင်းထုတ်ပြန်
War

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို NUG MOD သိမ်းပိုက်၊ မိုးကုတ် – မိုးမိတ်ဒေသ နောက်ဆုံးအခြေ သတင်းထုတ်ပြန်

ဒီဇင်ဘာ ၆ – ၂၀၂၅

နိုဝင်ဘာ ၃၀ ညနေ ၆ နာရီ အချိန်က စတင်ပြီး မိုးကုတ်မြို့နယ် အတွင်း စစ်တပ်က ခြေကုပ် ယူလာရာ NUG MOD ရဲ့ PDF နဲ့ ပကဖ တပ်ဖွဲ့တွေ ကနေ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း NUG MOD က ‘’မိုးကုတ် – မိုးမိတ်ဒေသ နောက်ဆုံးအခြေ’’ ဆိုပြီး ဒီကနေ့ သတင်း ထုတ်ပြန် ထားပါတယ်။

နိုဝင်ဘာ (၃၀) ကနေ ဒီဇင်ဘာ (၆) ရက်နေ့အထိ တပတ် တာ ကာလ အတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်း ဖြစ်ပွါးခဲ့ပြီး အရေးပါ တဲ့ စစ်တပ် စခန်းကုန်း တခုကို လက်ရ သိမ်းပိုက်ထားနိုင်ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် NUG MOD PDF စစ်ရုံးချုပ် အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီး အဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့ ကတည်းက စတင် ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ဒေသတွင်းရှိ PDF ပကဖ တွေကို စုစည်းကာ တသမတ်တည်း အမိန့်ပေး ကွပ်ကဲမှု စနစ်အောက်ကနေ စစ်ဆင်ရေး ကိစ္စတွေကို အနီးကပ် ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲများတွေ မဖြစ်ခင် ကတည်းက အရပ်သား ပြည်သူလူထု ထိခိုက်မှု မရှိစေရေးအတွက် ဘေးလွတ်ရာ နယ်မြေတွေကို ကြိုတင်ရွှေ့ပြောင်း နေရာချထား ပေးခဲ့ သလို၊ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို အချိန်နဲ့ တပြေးညီ ပေးအပ်နိုင်ရေး အလျင်အမြန် ဆောင်ရွက်ခဲ့ကြောင်း ဖေါ်ပြ ထားပါတယ်။

PDF ပကဖ တွေ အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသကို ကျူးကျော် ဝင်ရောက် လာတဲ့ စစ်တပ်တွေကို ပြည်သူလူထုနှင့် လက်တွဲပြီး ရွပ်ရွပ်ချွံချွံ ဆက်လက် တိုက်ပွဲဝင်နေကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။

NUG – အမျိုးသားညီညွတ်ရေးအစိုးရ

MOD – ကာကွယ်ရေးဝန်ကြီးဌာန

PDF – ပြည်သူ့ကာကွယ်ရေးတပ်မတော်

ပကဖ – ပြည်သူ့ကာကွယ်ရေးအဖွဲ့

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version