—————–
ဖိလစ်ပိုင် နဲ့ ဗီယက်နမ် တို့ကို ဖြတ်ကျော် တိုက်ခိုက်ခဲ့တဲ့ ခါမာဂီ မုန်တိုင်း ကြောင့် ထိုင်း မြန်မာမှာ မိုးကြီးနေတဲ့ အချိန်၊ နောက်ထပ်မုန်တိုင်း တလုံးဟာ ဖိလစ်ပိုင်ကို ဦးတည်လာနေပြီး အဲဒီနောက်ကနေ မုန်တိုင်းငယ်တခု ထပ်ဆင့် ဖြစ်ပေါ်နေတာကို မိုးလေဝသ ခန့်မှန်းချက် တွေ အရသိရပါတယ်။
အခုလို အရှေ့ဘက်က မုန်တိုင်းတွေ ရဲ့ သက်ရောက်မှု ကနေ မြန်မာနိုင်ငံ အောက်ပိုင်းမှာ မိုးဆက်နေနိုင်တဲ့ အခြေအနေတွေကို ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) က ခန့်မှန်းတင်ဆက်ပေးထားပါတယ်။
အထူးသဖြင့် ဒီကနေ့ နိုဝင်ဘာ ၈ ရက် စနေနေ့ မြန်မာနိုင်ငံ တချို့နေရာ တွေမှာ မိုများနိုင်တဲ့ အခြေအနေကို အသိပေးထားပါတယ်။
————–
တယ်လီဂရမ်မှာ အသံဖိုင်နဲ့ နားဆင်ရန်
https://t.me/THNjournalist/16429
—————-
THN Public Media
