THN Public Media Blog သတင်း နိုင်ငံရေး မောင်တောမှာ အရပ်သား ခရီးသွားတွေကို ARSA က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း AA ထုတ်ပြန်
နိုင်ငံရေး ပြည်တွင်း

မောင်တောမှာ အရပ်သား ခရီးသွားတွေကို ARSA က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း AA ထုတ်ပြန်

အောက်တိုဘာ ၂၂ – ၂၀၂၅

ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ် စေတီပြင်‌ကျေးရွာ ကနေ မောင်တော ကိုပြန်လာတဲ့ ခရီးသည်တင်ကားကို ဒီကနေ့ နေ့လယ် ၂ နာရီ မထိုင်းခင် လောက်မှာ ARSA အဖွဲ့ က ခြုံခိုတိုက်ခိုက်ပြီး ခရီးသည် ၅ ဦး နဲ့ ကားမောင်းသမား တို့ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ကားပေါ်တင်လာတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိတဲ့ စားသုံးကုန်တွေ အကုန်လုံးကို ARSA က ယူဆောင်သွားခဲ့ တယ်လို့ အာရက္ခတပ်တော် AA က သတင်း ထုတ်ပြန် ထား ပါတယ်။

မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာသား ကိုထွန်းဝင်း ဟာ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ ကနေ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး တွေ ဝယ်ယူပြီး ခရီးသည် (၅) ဦးကို တင်ဆောင်ကာ ကျောက်ပန္ဒူရွာ ဘက် ပြန်အလာမှာ အခုလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် AA ကနေ လိုက်လံရှာဖွေရာ အခင်းဖြစ်ပွားတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ခရီးသည် (၅) ဦးထဲက ဝေဝေစိုး နဲ့ နိုင်နိုင်ဆွေ တို့ နှစ်ဦးမှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း ခံထားရာတာကို တွေ့ရ တယ်လို့ ဖေါ်ပြထားပါတယ်။

သေဆုံးသူ ဝေဝေစိုးရဲ့ သမီးငယ် ခိုင်မြတ်မွန် အသက် (၃) နှစ် ကိုတော့ မိခင်ရဲ့ အလောင်းဘေးမှာ အသက်ရှင်လျက် ပြန်တွေ့ရှိခဲ့ပါတယ်။

ထွက်ပြေး လွတ်မြောက်လာတဲ့ ကားမောင်းသူ ကိုထွန်းဝင်း ၊ ခရီးသည် မောင်သန်းထွီး တို့ကိုလည်း ဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့ကြောင်း AA က ကနဦး သတင်းထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ

https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version