THN Public Media Blog သတင်း နိုင်ငံရေး ကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုး မူးယစ်ဆေးဝါးတွေ ဖမ်းမိကြောင်း စစ်ကော်မရှင် ထုတ်ပြန်၊ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေလို့ဆို
နိုင်ငံရေး ပြည်တွင်း

ကျပ် ၁၉၅ ဘီလီယံကျော်တန်ဖိုး မူးယစ်ဆေးဝါးတွေ ဖမ်းမိကြောင်း စစ်ကော်မရှင် ထုတ်ပြန်၊ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေလို့ဆို

အောက်တိုဘာ ၈ – ၂၀၂၅

အဖွဲ့က ရခိုင်ပြည်နယ်နဲ့ မလေးရှား နိုင်ငံကို ပို့ဆောင်မယ့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့ကို ဖမ်းဆီး ရမိ ခဲ့ကြောင်းနဲ့ ဒါတွေဟာ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ MRTV မှာ မနေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။

ရှမ်းပြည်နယ်က ဒီမူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့ ကနေ ရခိုင်ပြည်နယ် နဲ့ မလေးရှား နိုင်ငံကို ပို့ဆောင်ဖို့ ဖြစ်ကြောင်း သတင်းရတဲ့ အတွက် စက်တင်ဘာ ၂၄ ရက်နေ့မှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်မှာ နစ်ဆန် ကားတစီး ပေါ်ကနေ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃၅.၉၇ ဘီလီယံခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ကားသမား ၂ ဦးရဲ့ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက် ထန်းတပင် မြို့နယ်၊ စည်ပင်သာကျေးရွာ နေအိမ် ကနေ လူ ၂ ဦး နဲ့အတူ အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၄၉.၉၇ ဘီလီယံခန့်နှဲ့ အတူ ထပ်မံ ဖမ်းဆီး ရမိခဲ့ တယ်လို့ ဖေါ်ပြထားပါတယ်။

အလားတူ ထပ်မံဖေါ်ထုတ် ဖမ်းဆီးမှုတွေ ရှိခဲ့ပြီး ဖမ်းဆီးရမိသူတွေရဲ့ ဖော်ထုတ်ချက် အရ မူးယစ်ဆေးဝါးတွေကို သုံးခွမြို့နယ်၊ သမစိတ္တ ကျေးရွာက ဂိုဒေါင်ကို ပို့ဆောင် သိုလှောင်ခဲ့ကြောင်း၊ အဲဒီကနေ AA အဖွဲ့ရဲ့ စီးပွားရေး တာဝန်ခံတွေကနေ ပင်လယ်ရေလမ်းကြောင်းနဲ့ မလေးရှား နိုင်ငံကို ဆက်လက်ပို့ ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရတာလို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version