THN Public Media Blog သတင်း နိုင်ငံရေး သတင်းထောက် အမျိုးသမီး မမုဒြာ ဟာ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်၊ ဖမ်းဆီးတာမဟုတ်ဘူးလို့ AA ပြော
နိုင်ငံရေး ပြည်တွင်း

သတင်းထောက် အမျိုးသမီး မမုဒြာ ဟာ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်၊ ဖမ်းဆီးတာမဟုတ်ဘူးလို့ AA ပြော

စက်တင်ဘာ ၂၃ – ၂၀၂၅

Border News Agency ရဲ့ သတင်းထောက် အမျိုးသမီး မမုဒြာကို အာရက္ခတပ်တော် AA ကနေ ခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး ဒါဟာ ဖမ်းဆီးတာ မဟုတ်ဘဲ စစ်ပွဲကာလ အများပြည်သူ လုံခြုံရေး ထိခိုက်စေလို့ စိစစ်နေတာဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခ က ဒီကနေ့ ပြောကြားလိုက် ပါတယ်။

“ဒီသတင်းထောက်အမျိုးသမီးဟာ စစ်ပွဲကာလ လိုက်နာရမယ့် စည်းဘောင် တွေ ကျော်ပြီးတော့ အများပြည်သူလုံခြုံရေးကို ထိခိုက်စေတဲ့ အပြောအဆို၊ အလုပ်အကိုင်တွေလုပ်တဲ့အတွက်ကြောင့် သူ့ကို ကျနော်တို့ စောင့်ကြည့်နေတာ ကြာပါပြီ။

အခုအချိန်မှာ အများပြည်သူလုံခြုံရေးအတွက် ခေါ်ယူ စိစစ်ဖို့ လိုအပ် တဲ့အတွက် ကျနော်တို့ လုံခြုံရေးတာဝန်ရှိဌာနအနေနဲ့ ခေါ်ယူ စိစစ်နေတာသာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးထားတာမျိုး မဟုတ်ပါဘူး” လို့ ဦးခိုင်သုခက ပြောကြားလိုက်ကြောင်း ဧရာဝတီ သတင်းမှာ ဖေါ်ပြထားပါတယ်။

crd – ဧရာဝတီ

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version