THN Public Media Blog သတင်း ပြည်တွင်း ရခိုင်နဲ့ မလေးရှားကို ပို့မယ့် မူးယစ်းဆေးဝါး ဖမ်းဆီးမိကြောင်း နဲ့ AA ပါဝင်ပတ်သက်နေကြောင်း စစ်ကော်မရှင်ထုတ်ပြန်၊ AA က မဟုတ်မှန် ကြောင်း ငြင်းဆို
ပြည်တွင်း

ရခိုင်နဲ့ မလေးရှားကို ပို့မယ့် မူးယစ်းဆေးဝါး ဖမ်းဆီးမိကြောင်း နဲ့ AA ပါဝင်ပတ်သက်နေကြောင်း စစ်ကော်မရှင်ထုတ်ပြန်၊ AA က မဟုတ်မှန် ကြောင်း ငြင်းဆို

နိုဝင်ဘာ ၁၉ – ၂၀၂၅

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ၁ ရပ်ကွက်မှာ ရခိုင်နဲ့ မလေးရှား ကို ပို့မယ့် တန်းဖိုး ငွေကျပ် ၁၂၀ ဘီလီယံ ရှိ အိုက်စ် (ICE) မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ် ကို AA အဖွဲ့က ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်း အပါအဝင် ပုသိမ်မြို့မှာ မူးယစ်ဆေးဝါး ထိန်းသိမ်းပေးသူ လမင်းခန့် ကို နိုဝင်ဘာ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင် ကနေ မနေ့က သတင်း ထုတ်ပြန် ထားပါတယ်။

ကွင်းဆက်အနေနဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် “ကောင်းကောင်း” ဂဏန်းမွေးမြူရေးကန် အရှေ့ရေပြင်မှာ မူးယစ်ဆေးဝါး ပို့ဆောင်တဲ့ “MV ရွှေလက်ဝါး” ကုန်တင်သင်္ဘော ၁ စီး နဲ့ အတူ ရေလုပ်သား ၁၀ ဦးကို ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၇ ရက် နေ့လယ်ပိုင်းမှာ ဆိပ်ကြီးခနောင်တိုဆိပ်ကမ်းမှာ လွန်းတင်ထားတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ “MV ရွှေဝတီ”ကုန်တင် သင်္ဘော ၁ စီးကို ထပ်မံ ဖမ်းဆီးရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ အထိ ဖြစ်စဉ်မှာ တရားခံ ကျား ၂၄ ဦး၊ M-4,A-1 သေနတ်(၁)လက်၊ ပစ္စတို(၂)လက်၊ ကုန်တင်သင်္ဘော ၂ စီးတို့ အား ဖမ်းဆီးရမိခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

AA ကတော့ စစ်ကော်မရှင်ရဲ့ စွပ်စွဲချက်တွေ အပေါ် သူတို့ ပါဝင် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version