THN Public Media Blog သတင်း ပြည်တွင်း ကျားဖျန့် တိုက်ဖျက်ရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ KNU ကတိပြု
ပြည်တွင်း

ကျားဖျန့် တိုက်ဖျက်ရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ KNU ကတိပြု

နိုဝင်ဘာ ၁၉ – ၂၀၂၅

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ အရှေ့တောင်အာရှ ကျားဖျန့် အွန်လိုင်းငွေလိမ် လုပ်ငန်းတွေနဲ့ ဆက်စပ် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး မှာ နိုင်ငံတကာ နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြု ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ဖွဲ့စည်းလိုက်တဲ့ Scam Center Strike Force၊ မြန်မာအပါအဝင် မဲခေါင်-လန်ချန်း ၆ နိုင်ငံ အကြား ကျားဖျန့်တိုက်ဖျက်ရေး သဘောတူညီချက်၊ ထိုင်းနိုင်ငံက အဆိုပြုတဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ကွန်ရက် နဲ့ ထိုင်းနိုင်ငံက ဖွဲ့စည်းထားတဲ့ Royal Thai Police War Room Task Force တို့ကို ကြိုဆိုကြောင်းလည်း KNU ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version