THN Public Media Blog သတင်း War NUG MOD အောက် ထားဝယ်ခရိုင် အမှတ်(၂) PDF တပ်ရင်း က တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄၀ ကျော် ကို KNU တပ်မဟာ ၄ က ဖမ်းဆီးထိန်းသိမ်း
War

NUG MOD အောက် ထားဝယ်ခရိုင် အမှတ်(၂) PDF တပ်ရင်း က တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄၀ ကျော် ကို KNU တပ်မဟာ ၄ က ဖမ်းဆီးထိန်းသိမ်း

ဒီဇင်ဘာ ၁၇ – ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG MOD အောက် ထားဝယ်ခရိုင် အမှတ်(၂) PDF တပ်ရင်း က တပ်ရင်းမှူး မင်းသားကြီး အပါအဝင် အမှတ် ၃၃ ဗျူဟာမှူး ကိုဘိ(ခ)စောဒါးကို နဲ့ တပ်ဖွဲ့ဝင် ၄၀ ကျော် ကို KNU တပ်မဟာ ၄ က ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီး လက်နက်တွေကို သိမ်းယူလိုက် တယ်လို့ ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်း က အတည်ပြု ပြောကြားပါတယ်။

ဒီကနေ့မနက်ပိုင်း နယ်စပ် တနေရာကနေ အပြန် KNU နယ်မြေကို အဖြတ်မှာ အခုလို ထိန်းသိမ်း လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ တပ်ရင်းမှူးနဲ့ အဆက်အသွယ်ရပြီး တပ်ရင်းမှူး ကတော့ ညှိနှိုင်း ဆွေးနွေးနေတယ်လို့ အမှတ် ၂ တပ်ရင်းက ပြောပါတယ်။

ဒါ့အပြင် ဒီမနက်မှာ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာမှာ တာဝန်ထမ်းနေတဲ့ ရဲ့ဘော် ၂ ယောက်ကို KNLA တပ်မဟာ၄ တပ်ရင်း ၁၂ တပ်ခွဲ ၂ က ဖမ်းသွားတယ်လို့လည်း ပြောပါတယ်။

ဆက်တိုက် ဆိုသလိုပဲ ရဲဘော်တွေနဲ့ ထောက်ပို့တွေကို ဖမ်းဆီး နေတယ်လို့ ဆိုပါတယ်။

တပ်ခွဲတွေက ဖမ်းဆီးခံရသူတွေ နဲ့တော့ ဘာအဆက်အသွယ်မှ မရသေး ကြောင်း ပြောပါတယ်။

ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး တိုင်းစစ်ဌာနနဲ့ ဝန်ကြီးဌာနတွေကို တင်ပြထားပြီး အမြန်ဆုံး ဖြေရှင်းဖို့လုပ်နေတယ်လို့ သိရကြောင်း ပြောပါတယ်။

တပ်ရင်းနဲ့ ကေအန်ယူ တပ်မဟာ ၄ အကြား အရင်တုန်းကတော့ ပွတ်တိုက်မှု အနည်းငယ် ရှိခဲ့ဖူးတယ်လို့ တခြား သတင်းတွေ အရ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version