တနင်္သာရီတိုင်း ရေဖြူမြို့ အနောက်ခြမ်းရှိ ဌာနဆိုင်ရာ အဆောက် အအုံတွေ နဲ့ ဝန်ထမ်းအိမ်ရာတွေ၊ ဒေသခံပြည်သူ နေအိမ်တွေကို ဒီဇင်ဘာ ၁၂ ရက်နေ့က KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မီးရှို့သွားခဲ့တယ်လို့ စစ်ကော်မရှင် က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ မထိုးခင်မှာ KNU နဲ့ PDF ပူးပေါင်း အဖွဲ့တွေက ရေဖြူမြို့ အနောက်ဘက်ခြမ်း မြို့မ ရဲစခန်းကို မြောက်ဘက် ကနေ ပစ်ခတ်ခဲ့ပြီး၊ တောင်ဘက်က တံတားကင်းအဖွဲ့ကိုလည်း ပစ်ခတ် ခဲ့တာလို့ ဆိုပါတယ်။
မြို့မရဲစခန်းကနေ ပြန်လည်ပစ်ခတ် ရေဖြူမြို့ အရှေ့တောင်ဘက် လုံခြုံရေး တပ်ဖွဲ့ကလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာကြောင့် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ပြန်ဆုတ်သွားတယ်လို့ ဖေါ်ပြထားပါတယ်။
ပြန်ဆုတ်ရာ လမ်းတလျှောက် ဌာနဆိုင်ရာတွေကို မီးရှို့သွားခဲ့တာလို့ ဆိုပါ တယ်။
PDF တွေဘက် ကတော့ ရေဖြူမြို့ကို ဝင်ရောက်စီးနင်းပြီး ထွေအုပ်ရုံး တို့ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ပြောဆိုကြောင်း သတင်းတွေမှာ ဖေါ်ပြထား ပါတယ်။
—————————
THN Public Media
