THN Public Media Blog သတင်း နိုင်ငံရေး ကျားဖျန့် အကြောင်းပြပြီး ပြည်ပစွက်ဖက်တာ လက်မခံကြောင်း မြန်မာ တရုတ် ဆွေးနွေး၊ မြဝတီ ကျားဖျန့်နှိမ်နင်းမှု ကွင်းဆင်းကြည့်ရှုမယ်
နိုင်ငံရေး

ကျားဖျန့် အကြောင်းပြပြီး ပြည်ပစွက်ဖက်တာ လက်မခံကြောင်း မြန်မာ တရုတ် ဆွေးနွေး၊ မြဝတီ ကျားဖျန့်နှိမ်နင်းမှု ကွင်းဆင်းကြည့်ရှုမယ်

ဒီဇင်ဘာ ၁၃ – ၂၀၂၅

ကျားဖျန့် လိမ်လည်မှု Online Scam တိုက်ဖျက်ရေးကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာကို လက်မခံရေး မြန်မာ တရုတ် အကြားမနေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျို ကျုံးရိ ဦးဆောင်တဲ့ အဖွဲ့နဲ့ မြန်မာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့ မနေ့က ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး၊ ‘’အွန်လိုင်းလိမ်လည်မှု နဲ့ အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ’’ ရဲ့ လုပ်ငန်းစဉ်တွေကို တရုတ်နိုင်ငံအနေနဲ့ ထောက်ခံကာ အရှိန်အဟုန်နဲ့ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ် နိုင်ငံသားတွေ ကူညီ ရှာဖွေ ပြီး ပြန်လွှဲပေးရေး နဲ့ မူဆယ်-တယ်ဟုန် ခရိုင်အဆင့် ရဲတပ်ဖွဲ့တွေ အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (မူကြမ်း) တို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ ဟာ မြဝတီဒေသက Online Scam တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေကို သွားရောက် ကြည့်ရှုမယ် လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version