THN Public Media Blog သတင်း နိုင်ငံတကာ ရုရှားရဲ့ တိုက်ခိုက်မှု ယူကရိန်းမှာ ကလေးတွေ အပါအဝင် ၂၆ ဦး သေဆုံး
နိုင်ငံတကာ

ရုရှားရဲ့ တိုက်ခိုက်မှု ယူကရိန်းမှာ ကလေးတွေ အပါအဝင် ၂၆ ဦး သေဆုံး

TERNOPIL, UKRAINE - NOVEMBER 19: (----EDITORIAL USE ONLY - MANDATORY CREDIT - 'UKRAINE STATE EMERGENCY SERVICE / HANDOUT' - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS----) A view of a high-rise apartment building after it has been targeted in a Russian attack on the city of Ternopil, Ukraine on November 19, 2025. Russia launched more than 470 strike drones and 48 missiles of various typesballistic and cruiseat Ukraine overnight. As of now, there are 9 dead and dozens injured

နိုဝင်ဘာ ၂၀ – ၂၀၂၅

ယူကရိန်း အနောက်ဘက်ပိုင်းကို ရုရှားတို့ကနေ မနေ့ နိုဝင်ဘာ ၁၉ ရက်နေ့က ဒရုန်းနဲ့ ဒုံးကျည် တို့နဲ့ တိုက်ခိုက်မှုကြောင့် Ternopil မြို့က အဆောက်အအုံ နှစ်ခုကို ထိမှန်ခဲ့ရာ ကလေးသူငယ် ၃ ဦး အပါအဝင် အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ကြောင်း သိရ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

တခြား ၇၃ ဦး ဒဏ်ရာ ရရှိခဲ့ရာ အဲဒီအထဲက ၁၅ ဦး က ကလေးသူငယ် တွေ ဖြစ်တယ်လို့ ပြောပါတယ်။

အခြားအနောက်ပိုင်း ဒေသနှစ်ခုဖြစ်တဲ့ Lviv နဲ့ Ivano-Frankivsk တို့လည်း ထိမှန်ခဲ့ပြီး မြောက်ပိုင်းမြို့တော် Kharkiv ရဲ့ ရပ်ကွက် သုံးခုမှာ ဒရုန်း တိုက်ခိုက်မှု ကြောင့် လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ယူကရိန်း လေတပ်က ရုရှားပစ်လွှတ်ခဲ့တဲ့ ဒရုန်း ၄၇၆ စင်း အနက် ၄၄၂ စီး နဲ့ ဒုံးကျည် ၄၈ စင်း အနက် ၄၁ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြား ပါတယ်။

ယူကရိန်း F-16 နဲ့ Mirage 2000 ဂျက် လေယာဉ်တွေကတော့ ရုရှား Cruise ဒုံးကျည် ၁၀ စင်းကို ပစ်ချခဲ့ကြောင်း ယူကရိန်း လေတပ်က ပြောကြားခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version