THN Public Media Blog သတင်း နိုင်ငံတကာ ထရမ့်က ယူကရိန်းကို ကျေးဇူးမသိတတ်ဟုဆို၊ ငြိမ်းချမ်းရေး အဆိုပြုချက် လက်ခံရန် ကိယက်ဗ်ကို ဖျောင်းဖြ
နိုင်ငံတကာ

ထရမ့်က ယူကရိန်းကို ကျေးဇူးမသိတတ်ဟုဆို၊ ငြိမ်းချမ်းရေး အဆိုပြုချက် လက်ခံရန် ကိယက်ဗ်ကို ဖျောင်းဖြ

WEST PALM BEACH, FLORIDA - NOVEMBER 16: U.S. President Donald Trump speaks to reporters before boarding Air Force One on November 16, 2025 at Palm Beach International Airport in West Palm Beach, Florida. Trump spent the weekend at his Mar-A-Lago Club in Palm Beach, Florida. (Photo by Roberto Schmidt/Getty Images

နိုဝင်ဘာ ၂၃ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး အမေရိကန် ရဲ့ ကြိုးပမ်းမှုတွေ အပေါ် ယူကရိန်း ခေါင်းဆောင်တွေက “ကျေးဇူးတင်ကြောင်း လုံးဝ ပြသခြင်းမရှိ” ဘူးလို့ ပြောကြားလိုက်ပါတယ်။

Truth Social လူမှုကွန်ရက်မှာ ထရမ့်က “ယူကရိန်း ခေါင်းဆောင်မှု က ကျွန်ုပ်တို့ရဲ့ ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ကြောင်း လုံးဝမပြသခဲ့ဘဲ၊ ဥရောပ ကလည်း ရုရှားဆီက ရေနံ ဆက်လက်ဝယ်ယူနေသည်” လို့ ရေးသားခဲ့ပါတယ်။

ထရမ့်က ဆက်ပြီး “ဘယ်တော့မှ မဖြစ်သင့်တဲ့ စစ်ပွဲတခု၊ လူတိုင်းအတွက် ဆုံးရှုံးမှု ဖြစ်တဲ့ စစ်ပွဲတခု၊ အထူးသဖြင့် မလိုအပ်ဘဲ သေဆုံးခဲ့ရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေ အတွက် ဆုံးရှုံးမှုဖြစ်တဲ့ စစ်ပွဲတခုကို ငါဆက်ခံခဲ့ရတာပါ” လို့ ရေးသား ဖေါ်ပြ ထားပါတယ်။

အဲဒီလို သမ္မတ ထရမ့် မပြောကြားခင် ယူကရိန်းသမ္မတ ဇလန်စကီး က အမေရိကန်ရဲ့ အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဟာ ယူကရိန်းရဲ့ အမျိုးသား အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားနိုင်တယ် ဆိုတဲ့ နားလည်မှု တခု အခုအခါ ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

“သွေးထွက်သံယို နဲ့ စစ်ပွဲကို နောက်ဆုံးမှာ အဆုံးသတ်ဖို့ဆိုတဲ့ အဓိက ပန်းတိုင်ကို အမှန်တကယ် ထိရောက်စွာ အောင်မြင်ဖို့ အတွက် အချက်အလက် အားလုံးကို သေချာ စေဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ဇလန်စကီး က ထပ်လောင်း ပြောဆိုခဲ့ ပါတယ်။

အခုလို ပြောကြားချက်တွေဟာ အမေရိကန်၊ ယူကရိန်းနဲ့ ဥရောပ မဟာမိတ် ကိုယ်စားလှယ် အဖွဲ့တွေ အကြား ဂျီနီဗာ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ် နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဥရောပခေါင်းဆောင်များကတော့ ရုရှားဘက်ကို မျက်နှာသာပေးတယ်လို့ ယူဆရတဲ့ ထရမ့်ရဲ့ အချက် ၂၈ ချက်ပါ အစီအစဉ်ကို ဝေဖန်ခဲ့ကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version